News

POST TYPE

LATEST NEWS POST

ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုပြီး ရေရှည်အာမခံချက်ပေးသွားရန် ဆိုးလ်ရှားအလိုရှိ
10-Jul-2020

မန်ချက်စတာ၊ ဇူလိုင် ၉

ပြင်သစ်ကွင်းလယ်လူပေါ့ဘာ၏ အိုးလ်ထရက်ဖို့ဒ် အနာဂတ်အာမခံချက်အတွက် ကာလရှည်စာချုပ်ချုပ်ဆိုရန်  နည်းပြဆိုးလ်ရှားဘက်မှ အလိုရှိနေကြောင်း BBC Sport က ဖော်ပြခဲ့သည်။ 

ကိုရိုနာကပ်ရောဂါ မဖြစ်ပွားမီကာလအတွင်း ပေါ့ဘာသည် မန်ယူအသင်းကို ကျောခိုင်းရန်ရှိခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို ရီးရဲလ်နှင့်ဂျူဗင်တပ်တို့က ချိတ်ဆက်ခဲ့သည်။ 

သို့ရာတွင် ဒဏ်ရာပြဿနာမှ ပြန်လာနိုင်ခဲ့သလို အသင်းကို ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာပြီးနောက်ပိုင်း မန်ယူ၏ ချန်ပီယံလိဂ်ဝင်ခွင့် အသက်ဝင်လာပြီးနောက် ပေါ့ဘာကို ရေရှည်ဆက်ထိန်းရန် ဆိုးလ်ရှားကအလိုရှိလာခဲ့သည်။ 

မန်ယူအသင်းသည် ကွင်းလယ်လူများဖြစ်သည့် မာတစ်နှင့်တွမ်မီနေးတို့ကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းနှင့် ၁၂ လ သက်တမ်းသာကျန်ရှိတော့သည့် ပေါ့ဘာကို စာချုပ်သစ်ထပ်မံချုပ်ဆိုရန်ရှိနေခြင်းဖြစ်သည်။ 

“အကောင်းဆုံးကစားသမားတွေကို ဆက်ထိန်းချင်ပါတယ်။ တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်အတွက် တည်ဆောက်မှုတွေ လုပ်ချင်ပါတယ်။ ပေါ့ဘာဟာပြန်လာနိုင်တဲ့အချိန်မှာ ပိုပြီးကောင်းလာပါတယ်။ သူခြေစွမ်းနဲ့ပတ်သက်လို့ သူကိုယ်တိုင်ပျော်ရွှင်နေတဲ့အတွက် ကျွန်တော်တို့ ဘယ်အထိဆက်ခေါ်သွားနိုင်မလဲ စောင့်ကြည့်ရမှာပါ” ဟု ဆိုးလ်ရှားက ဆိုခဲ့သည်။    

ငြိမ်းပြည့်