News

POST TYPE

LATEST NEWS POST

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် တတိယမြောက်ကူးစက်မှုနှုန်း အမြင့်ဆုံးနေရာသို့ အိန္ဒိယရောက်၊ အတည်ပြုလူနာ ၇ သိန်းနီးပါးရှိ
07-Jul-2020


နယူးဒေလီ၊ ဇူလိုင် ၆

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူ ၂၄,၀၀၀ ဦးရှိခဲ့ပြီး အိန္ဒိယသည် ရုရှား ကိုကျော်လွန်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် ကူးစက်မှုနှုန်းအမြင့်ဆုံးနိုင်ငံ အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

VOA သတင်းဖော်ပြချက်အရ အိန္ဒိယနိုင်ငံတွင် တနင်္လာနေ့က ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃,၀၀၀ ဦးထပ်မံတွေ့ရှိခဲ့ ကြောင်း သိရသည်။ 

လက်ရှိအနေအထားတွင် အိန္ဒိယ၌ ဗိုင်းရပ်စ်အတည်ပြုလူနာ ၆၉၉,၄၀၂ ဦး ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၉,၇၀၇ ဦးရှိသည်။ 

ယခုအခါ အိန္ဒိယထက် ကူးစက်မှု နှုန်းပိုများသော နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုနှင့် ဘရာဇီးတို့သာဖြစ် သည်။ 

အိန္ဒိယနိုင်ငံသည် နိုင်ငံတကာခရီး သွားများဝင်ရောက်မှုကို ကန့်သတ်ပိတ် ပင်ထားသော်လည်း နိုင်ငံစီးပွားရေးပြန်လည် မြင့်တက်လာရေးအတွက် ပြည်တွင်းခရီးသွားလာမှုများကို တဖြည်းဖြည်းချင်း ပြန်လည်ခွင့်ပြုလျက်ရှိသည်။ 

အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးသော အူတာပရာဒတ်ရှ်ပြည်နယ်တွင် အာဏာပိုင်များက Lockdown ပြဋ္ဌာန်းချက်များကို ဆက်လက်သက်တမ်းတိုးမြှင့် ထားသည်။ နာမည်ကျော်တပ်ချ်မဟာ အပါအဝင် အခြားလူစိတ်ဝင်စားသည့် နေရာများကိုလည်း ပိတ်ထားဆဲဖြစ်သည်။ တပ်ချ်မဟာသည် ပြီးခဲ့သည့် မတ်လကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 “အများပြည်သူများ၏ အကျိုး စီးပွားအတွက် ပိတ်ထားသောနေရာများကို ပြန်လည်ဖွင့်လှစ်ဦးမည်မဟုတ်ပေ” ဟု အာဏာပိုင်များက ကြေညာချက်ထုတ်ပြန်သည်။ 

ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမြင့်တက်လာသော ပြည်နယ်များမှာ တောင်ပိုင်း ဒေသမှ ပြည်နယ်များဖြစ်ပြီး တာလန် ဂါနာ၊ တမီလ်နဒူနှင့် ခတ္တမန္တုတို့လည်း ပါဝင်သည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကနှင့် ဘရာဇီးပြီးလျှင် တတိယ မြောက်ကူးစက်မှုနှုန်းအများဆုံးနိုင်ငံဖြစ်သော်လည်း သေဆုံးမှုနှုန်းတွင် အဋ္ဌမ မြောက်နေရာတွင်ပင်ရှိသည်ဟု ဂျွန်ဟော့ ကင်းတက္ကသိုလ်က ပြုလုပ်သောစာရင်း ဇယားများအရသိရသည်။ 

ယခုအခါ ကမ္ဘာ့နိုင်ငံအစိုးရ အများစုသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုအား မည်သို့မည်ပုံကိုင်တွယ် ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုး ပမ်းလျက်ရှိသည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ သိပ္ပံပညာရှင် ၂၃၉ ဦးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနှင့် ကိုရိုနာဗိုင်း ရပ်စ်လေထဲမှတစ်ဆင့် ကူးစက်နိုင်ခြေ များနေမှုအတွက် ညွှန်ကြားချက်တစ်ရပ် အမြန်ဆုံးထုတ်ပြန်ပေးရန် တိုက်တွန်းလိုက်သည်။ 

သိပ္ပံပညာရှင်များအဆိုအရ ကိုရိုနာ ဗိုင်းရပ်စ်သည် လေထဲတွင်ရှင်သန်နိုင်ကြောင်းနှင့် သေးငယ်သောအမှုန်လေးများက လူအများကို ကူးစက်စေနိုင်ကြောင်း သိရသည်။

F-01