News

POST TYPE

LATEST NEWS POST

သက်ကြီးပိုင်းဆန္ဒပြသူတစ်ဦးကို ဒဏ်ရာပြင်းထန်စွာရအောင် ဆောင့်တွန်းခဲ့သည့် နယူးယောက်ရဲနှစ်ဦးကို အရေးယူပြီ
07-Jun-2020


နယူးယောက်၊ ဇွန် ၇

အသက် ၇၅ နှစ်အရွယ် ဆန္ဒပြအမျိုးသားတစ်ဦးကို ဆောင့်တွန်းလိုက်သည့်အတွက် အဆိုပါ အမျိုးသားကြီး ဒဏ်ရာပြင်းထန်စွာ ရသွားသည့်ဖြစ်စဉ် ဗီဒီယိုထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်ရဲနှစ်ဦးကို အရေးယူထားပြီဖြစ်ကြောင်း သတင်းများကဖော်ပြထားသည်။

အသက် ၃၉ နှစ်အရွယ် အာရွန်တော်ဂယ်စကီးနှင့် အသက် ၃၂ နှစ်အရွယ် ရောဘတ်မက်ကာဘီတို့က ၎င်းတို့တွင် အပြစ်မရှိပါကြောင်း လျှောက်လဲထားကြသည်။

ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်၍ရနိုင်သော ပြစ်မှုဖြင့် ၎င်းတို့ကို စွဲချက်တင်ထားပြီး ယခုအခါ ၎င်းတို့ကို လွှတ်ပေးထားသည်။

မစ္စတာမာတင်ဂူဂီနိုသည် ရဲ၏ဆောင့်တွန်းခြင်းကို ခံလိုက်ရပြီးနောက် ပလက်ဖောင်းပေါ်သို့ကျသွားကာ ခေါင်းမှ သွေးများ စိမ့်ထွက်လာခြင်းဖြစ်သည်။

ဒဏ်ရာမှာပြင်းထန်ခဲ့ပြီး ဒေသဆေးရုံတွင် တင်ပို့ကုသပေးထားကာ ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သတင်းများက ဆိုသည်။

ဂျော့ဖလွိုက်ဆိုသူ လူမည်းအမျိုးသားရဲလက်ချက်ကြောင့် သေဆုံးသွားခဲ့ပြီးနောက် လူထုဆန္ဒပြပွဲများဖြစ်လာရာ မြို့တော်ထဲတွင် အပြင်မထွက်ရ အမိန့်ကို လိုက်နာရေးအတွက် ရဲများကကိုင်တွယ်ထိန်းချုပ်နေစဉ် အဆိုပါအမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ခန်းမရှေ့တွင် သက်ကြီးပိုင်းအမျိုးသားကြီးကို လုပ်လိုက်သည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက်တွင် အရေးပေါ်အခြေအနေတုန့်ပြန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် အာရွန်တော်ဂယ်စကီး နှင့် ရောဘတ်မက်ကဘီတို့ကို လစာမဲ့ အလုပ်မှ ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ရဲနှစ်ဦး ရာထူးတာဝန်မှ ဆိုင်းငံ့ခံရခြင်းအတွက် တပ်ဖွဲ့တစ်ခုလုံးမှ ငါးဆယ့်ခုနှစ်ဦးသော အခြားရဲများကအဖွဲ့မှ နူတ်ထွက်ခဲ့ကြသည်။