News

POST TYPE

LATEST NEWS POST

တိုက်ကြီးမြို့တွင် ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ဆင်းရဲသားအိမ်ထောင်စု ၆၀ ကျော်ကိုထောက်ပံ
07-Jun-2020


တိုက်ကြီး၊ ဇွန် ၇

ဆိုင်ကယ်ချစ်သူများအဖွဲ့က တိုက်ကြီးမြို့ရှိ ဆင်ရဲသားအိမ်ထောင်စု ၆၀ ကျော်ကို ဆန်၊ဆီ၊ကြက်သွန်တို့အပါအဝင် ကျပ်တစ်သောင်းစီကို ဇွန်လ ၇ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့သည်။

ဘူတာရပ်ကွက် စံပြ (၃) လမ်းနှင့် ဥပ္ပုံစုရပ်ကွက်မှ မြဝတီလမ်းနှင့် ဒေါနလမ်းတို့တွင် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ဦးရဲဇော်မင်းက ပြောကြားသည်။

အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ကြက်ဥ ၁၂ လုံးပါတစ်ကဒ်၊ ငါးသေတ္တာသုံးဗူး၊ ကြက်သွန်တစ်ပိသာ၊ ဆီတစ်ဗူးစီနှင့် ကျပ်တစ်သောင်းစီ ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းကပြောဆိုသည်။

“ကျွန်တော်တို့က တိုက်ကြီးဒေသခံ ကိုရဲဇော်မင်းအဆက်အသွယ်နဲ့ လာရောက်ထောက်ပံတာပါ။ ကိုဗစ်ကာလမှာ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လက်လုပ်လက်စားတွေကို စာရင်းကောက်ပြီး ထောက်ပံ့တာ”ဟု ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ဆိုင်ကယ်အစီးရေ ၅၀ ကျော်ဖြင့်လာရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ 

R-06