News

POST TYPE

LATEST NEWS POST

ဂျပန်အစိုးရက ယန်းသန်း ၂,၀ဝ၀ ထောက်ပံ့ကူညီ
07-Jun-2020
ရန်ကုန်၊ ဇွန် ၇

စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရက အကူအညီ ဂျပန်ယန်းသန်း ၂,ဝ၀ဝ ပေးအပ်မည့် စာချွန်လွှာကို ရေးထိုးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအစိုးရ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီယန်းသန်း ၂,ဝ၀ဝ ပေးရေးဆိုင်ရာ စာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် Mr. MAYUYAMA Ichiro တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစာချွန်လွှာအရ အကူအညီပေးမည့်စီမံချက်အရ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ အနီးကပ်ကြပ်မတ်ကုသဆောင် (ICU) အခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ဆေးရုံများအတွက် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က Covid-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မြန်မာကျပ် ၆ ဒသမ ၄ ဘီလီယံကိုလည်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် စရိတ်သက်သာသည့် ဘဏ္ဍာရေးအထောက်အပံ့ချေးငွေအဖြစ် အရေးပေါ်အစီအစဉ်သစ်အောက်တွင် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း JICA ထံမှသိရသည်။

ထို့ပြင် စီးပွားရေးနှင့်ကျန်းမာရေးကပ်ဆိုးမှ ကျော်လွှားနိုင်ရန် အခြားလိုအပ်သည့် အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း JICA က အသိပေးကြေညာထားသည်။

S-07