News

POST TYPE

LATEST NEWS POST

မုဒိတာအိမ်ရာ(၁)တွင် နိုက်ဂျီးရီးယားနိုင်ငံသားအပါအဝင် နှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ
06-Jun-2020
ရန်ကုန်၊ ဇွန် ၆

မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာ(၁)တွင် မူးယစ်သတင်းရရှိထားသော နိုင်ငံခြားသားများ နေထိုင်သည့် တိုက်ခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ နိုက်ဂျီးရီးယား နိုင်ငံသား အမျိုးသားတစ်ဦးနှင့် မြန်မာအမျိုးသမီး တစ်ဦးတို့ထံမှ မူးယစ်ဆေးဝါးအပါအဝင် သုံးစြဲရာ၌ အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်သတင်း ရရှိထားသည့် မုဒိတာအိမ်ရာ(၁)၊ (A) အဆောင်၌ နိုင်ငံသားများ နေထိုင်သောတိုက်ခန်းများကို ဇွန် ၅ ရက်နေ့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ သတင်းကြိုတင်ပေါက်ကြားမှုကြောင့် ယင်းတိုက်ခန်းရှိ နိုင်ငံခြားသားများမှ တိုက်ခန်းများအား အပြင်မှ သော့ခတ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

"မစစ်ဆေးခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ နိုင်ငံခြားသားတွေ နေထိုင်တဲ့ အခန်းအမှတ်စာရင်းတွေ ပေးလိုက်တယ်။ အဓိက နိုက်ဂျီးရီးယားနိုင်ငံသားတွေ နေထိုင်တဲ့အခန်းကို စစ္တာပါ။ ဒါပေမဲ့ မစစ်ဆေးခင် ညကတည်းက သတင်းပေါက်ကြားသွားလို့ အဲဒီတိုက်ခန်းတွေမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေက အခန်းတံခါး သော့ခတ်ပြီး တိမ်းရှောင်သွားကြတယ်။ သတင်းမပေါက်ကြားတဲ့ အခန်းသုံးခန်းပဲ စစ်ဆေးလိုက်ရတယ်" ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ရှင်းပြသည်။

ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည့် တိုက်ခန်းသုံးခန်းအတွင်းမှ အခန်းတစ်ခန်းတွင် မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေသည့် နိုက်ဂျီးရီးယား နိုင်ငံသား အမျိုးသားတစ်ဦးနှင့် မြန်မာ အမျိုးသမီးတစ်ဦးတို့ ထံမွ စိတ်ကြွဆေးပြား၊ ဆေးခြောက်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးကို ဘုရင့်နောင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03