News

POST TYPE

LATEST NEWS POST

မြောက်အာဖရိကအခြေစိုက် အယ်ကေဒါခေါင်းဆောင်ကို သုတ်သင်လိုက်ပြီဟု ပြင်သစ်ကြေညာ
06-Jun-2020


ဘာမာကို၊ ဇွန် ၆

မာလီနိုင်ငံတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး တစ်ရပ်အတွင်း မြောက်အာဖရိကအယ်ကေဒါခေါင်းဆောင် အဗ္ဗဒယ်မာလက် ဒရောက်ဒယ် ကို သုတ်သင်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်က ကြေညာလိုက်သည်။

၄င်း၏ အတွင်းစည်း ခေါင်းဆောင်များနှင့် အတူ အဗ္ဗဒယ်မာလက် ကို မာလီနိုင်ငံ မြောက်ပိုင်းတွင် သုတ်သင် လိုက်ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီ က ပြောကြားသည်။

သုတ်သင်ရေးစစ်ဆင်ရေးကြောင့် အာဖရိကအကြမ်းဖက် အုပ္စုမ်ား အနေဖြင့် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရ သဖွယ်ရှိကြောင်း ဝန်ကြီးက ဆိုသည်။

"ကျွန်မတို့ တပ်ဖွဲ့ဝင်တွေနဲ့ အာဖရိကလက်တွဲဖက် တပ်ဖွဲ့ဝင်များဟာ အကြမ်းဖက်သမားများကို မရပ္မနား ရှာဖွေပြီး အမဲလိုက်မှာ ဖြစ်ပါတယ်"ဟု ပြင်သစ်ဝန်ကြီးက ပြောကြားသည်။

အဗ္ဗဒယ်မာလက် ဒရောက်ဒယ် သည် အယ်ကေဒါအကြမ်းဖက်အဖွဲ့ကြီး၏ မြောက်အာဖရိက ဒေသဆိုင်ရာ ဦးစီး ဦးဆောင်ပြုသူ ဖြစ်သည်။

အာဖရိက ISIS အဖွဲ့၏တပ်မှူးဖြစ်သူ မိုဟာမက်မရာဘတ် ကို လည်း မေလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီ က ပြောကြားသည်။