News

POST TYPE

LATEST NEWS POST

JICA က SME လုပ်ငန်းများအတွက် ကျပ် ၆ ဒသမ ၄ ဘီလီယံကူညီ
04-Jun-2020
ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျိုးသက်ရောက်မှုများကို ဖြေရှင်းရန် လှူဒါန်းခြင်းဖြစ်သည်

ရန်ကုန်၊ ဇွန် ၃

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် စရိတ်သက်သာသည့်ဘဏ္ဍာရေးအထောက်အပံ့ ချေးငွေအဖြစ် မြန်မာကျပ်ငွေ ၆ ဒသမ ၄ ဘီလီယံ (ဂျပန်ယန်း ငွေ ၅ ဘီလီယံ) ကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း JICA ထံမှ သိရသည်။

Covid-19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်  ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး ယင်းကူညီငွေကို အရေးပေါ်အစီအစဉ်သစ်အောက်တွင် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် JICA ၏ SME လုပ်ငန်းရှင်များအတွက် ငွေရေးကြေးရေး တိုးတက်စေရေး စီမံကိန်းအောက်မှ ဆောင်ရွက်ခြင်းဖြစ်ပြီး SME များဆီသို့ ပါဝင်ဆောင်ရွက်နေသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် စရိတ်သက်သာပြီး အသုံးပြုရန်လွယ်ကူသည့်  ကာလလတ်နှင့်ကာလရှည်ချေးငွေများ ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း JICA ထံမှသိရသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊  မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ NSDB ၊ SEDB နှင့် UAB ဘဏ်တို့က  ထုတ်ချေးပေးမည်ဖြစ်ပြီး စီးပွားရေးနှင့် ကျန်းမာရေးကပ်ဆိုးမှ ကျော်လွှားနိုင်ရန် JICA က အခြားလိုအပ်သည့် အထောက် အပံ့များကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် မြန်မာနိုင်ငံတွင် စီမံကိန်းအများစုကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။          

 S-07