News

POST TYPE

LATEST NEWS POST

COVID-19 ကာလအတွင်း ရန်ကုန်အငှားယာဉ် ၁,ဝ၀ဝ ကို ပိုးသတ်သန့်စင်ပေးမည်
31-May-2020
ရန်ကုန်၊ မေ ၃၁

ရန်ကုန်မြို့တွင်းမှ အငှားယာဉ်မောင်းများနှင့် ခရီးသည်များကို ကာကွယ်ရန်အတွက် AYA SOMPO ၊ AYA  ဘဏ်နှင့် AIA Myanmar တို့က Grab Myanmar နှင့်ပူးပေါင်း၍ အငှားယာဉ်အစီးရေ ၁,ဝ၀ဝ ကို ပိုးသတ်သန့်စင်ပေးမည်ဖြစ်ကြောင်း AIA Myanmar ထံမှ သိရသည်။

"လုပ်စရာရှိတာတွေ လုပ်ဆောင်ဖို့ တက္ကစီတွေနဲ့ ခရီးသွားတဲ့အခါ သူတို့တွေဘေးကင်းဖို့က အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုကြောင့် စိုးရိမ်သောကတွေ ကင်းသွားရမယ်ဆိုရင် ဒါဟာမြို့ကြီးရှင်သန်လှုပ်ရှားနေဖို့ အဓိကဖြစ်တဲ့အများပြည်သူ ခရီးသွားတွေအတွက်ရော၊ ယာဉ်မောင်းသူတွေအတွက်ပါ အကျိုးရှိစေတဲ့ လုပ်ရပ်ပဲဖြစ်ပါလိမ့်မယ်" ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Luc Ly ကဆိုသည်။

ပြည်သူအများ စိုးရိမ်သောကကင်းရှင်းပြီး ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေးကို ရည်ရွယ်၍ ယခုလအတွင်း တာမွေ၊ ရန်ကင်း၊ လှိုင်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ Sd CAR Auto Service Center ၆ ခုတွင် သန့်စင်ပစ္စည်းများ၊ ကိရိယာများ၊ ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော ကျွမ်းကျင်သူများနှင့်အတူ Grab အငှားယာဉ်များကို ပိုးသတ်သန့်စင်မည်ဖြစ်သည်။ 

ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးခြေလှမ်းအဖြစ် ရန်ကုန်မြို့တွင် AIA Myanmar က အငှားယာဉ် ၅၀ဝ၊ AYA SOMPO နှင့် AYA ဘဏ်တို့က အခြားအငှားယာဉ် ၅၀ဝ ကို ပိုးသတ်သန့်စင်ပေးသွားမည်ဖြစ်သည်။

ပိုးသတ်သန့်စင်ခြင်းအတွက် အားထုတ်ဆောင်ရွက်မှုသည် ပြည်သူများ၊ ဝန်ထမ်းများနှင့် ယာဉ်မောင်းသူများအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ပေးရန် အထောက်အပံနှင့် ယာဉ်အတွင်း သန့်ရှင်းမှုအဆင့်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

J-03