News

POST TYPE

LATEST NEWS POST

ပေါ်တိုကစားသမား ဂျီဆပ်ကိုရိုနာကို ချဲလ်ဆီးအသင်း ချိတ်ဆက်ခဲ့သည်ဟု အေးဂျင့်ဖြစ်သူ အတည်ပြု
31-May-2020


လန်ဒန်၊ မေ ၃၀

က္ကဆီကိုလက်ရွေးစင်ကစားသမား ဂျီဆပ်ကိုရိုနာကို ချဲလ်ဆီးအသင်းကချိတ်ဆက်နေသည်မှာ မှန်ကန်သော်လည်း  ပေါ်တိုအသင်းဘက်သို့ တရားဝင်ကမ်းလှမ်းရန်အတွက်ကိုမူ အခက်အခဲရှိနေသေးကြောင်း အေးဂျင့်ဖြစ်သူ ဘန်ဂီကဖွင့်ဟခဲ့သည်ဟု Goal.com  ကဖော်ပြခဲ့သည်။ 

ပေါ်တိုတွင် တောင်ပံကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနိုင်သည့် ကိုရိုနာမှာ ညာနောက်ခံလူအပြင် တောင်ပံတိုက်စစ် ကစားသမားအဖြစ်ပါကျွမ်းကျင်စွာကစား နိုင်သူဖြစ်ပြီး ၎င်း၏စာချုပ်ဖျက်ကြေးမှာ ယူရိုသန်း ၃၀ ကျော်ရှိနေသည်။ 

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် လာမည့်ရာသီတွင်အသင်းကိုနောက်ထပ် အဆင့်တစ်ခုရောက်အောင်ဆွဲတင်နိုင်ရန်အတွက် ကစားသမားသစ်များကိုအသီးသီးပစ်မှတ်ထားလျက်ရှိသည်။ 

အသက် ၂၇ နှစ်အရွယ် ဂျီဆပ်ကိုရိုနာ၏အေးဂျင့်ဖြစ်သူက “ချဲလ်ဆီးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့ဘက်က ကျွန်တော်တို့ ကစားသမားကို ဘယ်လိုပုံစံမျိုး ပစ်မှတ်ထားသလဲဆိုတာကိုတော့မသိပေမယ့် ကောလာဟလတော့မဟုတ်ပါဘူး။ လိဂ်ပြိုင်ပွဲပြန်လည်စတင်နိုင်ဖို့အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းရဖို့ရှိသလို ဈေးကွက်က အနည်းငယ်ရပ်တန့်သွားတဲ့အတွက် နောက်ထပ်လှုပ်ရှားမှုတွေကိုစောင့် ကြည့်ရမှာပါ။ သူကပေါ်တိုအသင်းနဲ့စာချုပ်  ၂ နှစ်ကျန်ရှိနေပါတယ်။ ပေါ်တူဂီလီဂါမှာ ထိပ်တန်းခြေစွမ်းပြခဲ့တဲ့အတွက် သူ့ကိုစိတ်ဝင်စားမှုက မြင့်တက်ခဲ့တာပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်ကြောင့် အရာရာနှေးကွေးသွားခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။   

ငြိမ်းပြည့်