News

POST TYPE

LATEST NEWS POST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ ဝန်ခံ
31-May-2020


လက်စတာ၊ မေ ၃၀

ဘရန်ဒန်ရော်ဂျာပရီးမီးယားလိဂ်၌  အာတီတာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ဟု BBC Sport က ဖော်ပြခဲ့သည်။ 

အသက် ၄၇နှစ်အရွယ် ရော်ဂျာသည် ကိုရိုနာဗိုင်းရပ်စ်ကို အပြည့်အဝကုသမှု မခံယူမီအချိန်တွင် အသက်ရှူမဝသည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရဟုဝန်ခံ ပြောဆိုခဲ့သည်။ 

“လမ်းလျှောက်ဖို့ အလွန်ခက်ခဲခဲ့ပြီး ကီလီမန်ဂျာရိုတောင်ပေါ်ကိုတက်ခိုင်းနေသလိုမျိုး ခံစားရပါတယ်။ မတ်လ ၁၄ ရက် နေ့နောက်ပိုင်းမှာ ကျွန်တော်စတင်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ၃ ပတ်လောက်အထိ အနံ့နဲ့အရသာကို ခံစားလို့မရခဲ့ပါဘူး။ ကျွန်တော့်မှာ အားမရှိတော့ဘူးလို့ ခံစားခဲ့ရပြီး နောက်တစ်ပတ်အကြာမှာ ဇနီးသည်ကလည်း ထပ်တူပုံစံဖြစ်လာခဲ့ပါတယ်။  စမ်းသပ်လိုက်တဲ့အချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက်စလုံး ဗိုင်းရပစ်ကူးစက်ခံထားရပါတယ်”ဟု ဘရန်ဒန်ရော်ဂျာက ဖွင့်ဟခဲ့သည်။ 

ချန်ပီယံရှစ် ပလေးအော့ဖ်ပွဲစဉ်တွင် အနိုင်ရပြီး ဆွမ်ဆီးအသင်းကို ပရီးမီးယားလိဂ်သို့ တန်းပြန်တက်နိုင်အောင် စွမ်း ဆောင်ပေးခဲ့ပြီးနောက် ရော်ဂျာသည် ပရဟိတလုပ်ငန်းစဉ်တစ်ခုအတွက် ကီလီမန်ဂျာရိုတောင်ကို တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။ 

တောင်တက်သည့်အခါတွင်မြင့်လာသည့်အလျောက် အသက်ရှူရန်ခဲယဉ်းလာခဲ့သလို ကိုရိုနာခံစားနေရချိန်တွင်လည်း ထပ်တူခံစားရသည်ဟု ရော်ဂျာကဆိုခဲ့သည်။ 

ငြိမ်းပြည့်