News

POST TYPE

LATEST NEWS POST

လူမှူဖူလုံရေးအဖွဲ့မှ စက်ရုံပိတ်အလုပ်သမားတစ်သောင်းကျော်ကို ထောက်ပံ့ကြေးငွေကျပ် သိန်းသုံးထောင်ကျော် ပေးအပ်
24-May-2020
ရန်ကုန် ၊ မေ ၂၄

စက်ရုံပိတ်အလုပ်သမား တစ်သောင်းကျော်အား ဆယ်ရက်အတွင်းထောက်ပံငွေသိန်းသုံးထောင်ကျော် ပေးအပ်ခဲ့ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ ညွန်ကြားရေးမှုးချုပ်ဦးမောင်မောင်အေးက ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့ဖွဲ့မှ စက်ရုံပိတ်အလုပ်သမားများအား မေလ ၁၃ ရက်နေ့မှ စတင်၍ မေလ ၂၂ ရက်နေ့အထိ ထောက်ပံ့ပေးကြေးများကို အလုပ်သမား ၁၄၆၅၂ ဦးအတွက် ငွေကျပ်သိန်း ၃၀ဝ၀ ကျော်ကို ပေးအပ်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

"နောက်ထပ် လျှောက်ထားမှုတွေကို စီစစ်ပြီးအမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။လက်ရှိအခြေအနေမှာတော့ သိန်းသုံးထောင်ကျော် ထုတ်ပေးပြီးပါပြီ"ဟု ၎င်းကဆိုသည်။

လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့ကြေးကို လက်ရှိအခြေအနေတွင် မရရှိသေးသော်လည်း အလုပ်သမားတစ်ဦးလျှင် တစ်သောင်းကိုးထောင်ခန့်ကို အလုပ်ရှင်မှ ကြိုတင်စိုက်ထားပေးကြောင်း ဟုန်ကယူ အထည်ချုပ်စက်ရုံမှ မပန်းနု ကပြောသည်။

COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသည့်အချက်များကိုလိုက်နာ ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးမူခံယူရန် ပိတ်ထားရသည့် စက်ရုံများမှ လစဉ်လူမူဖူလုံရေးအာမခံကြေးပေးသွင်းထားသည့် အလုပ်သမားများအတွက် အလုပ်သမားဝင်ငွေနစ်နာမူမရှိစေရန် ပိတ်ထားသည့်ရက် အလိုက်လစာ၏ ၄၀ရာခိုင်နူန်းကို ထောက်ပံ့မူအကျိုးခံစားခွင့်အဖြစ်လူမူဖူလုံရေးအဖွဲ့က အချိန်နှင့်တပြေးညီ စစ်ဆေးထုတ်ပေးလျက်ရှိသည်။

J-01