News

POST TYPE

LATEST NEWS POST

အင်္ဂပူတွင် မင်္ဂလာပွဲလုပ်သည့် သတို့သားနှင့်သတို့သမီးဖခင် အမှုဖွင့်ခံရ
09-Apr-2020
ပုသိမ်၊ ဧပြီ ၉ ရက်။

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တွင် ဧပြီလ ၈ ရက်နေ့က မင်္ဂလာဧည့်ခံပွဲပြုလုပ်သည့်သည့် အသက် ၂၃ နှစ်အရွယ် သတို့သားနှင့် သတို့သမီး၏ ဖခင်ဖြစ်သူတို့အား မဲဇလီနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဒေသခံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

သရက်တောကျေးရွာနေ ဦးမြင့်ရွှေက ၎င်း၏သမီးဖြစ်သူ အသက် ၃၀ နှစ်ရှိ မအိအိဇင်နှင့် အသက် ၂၃ နှစ်ရှိ မောင်ဇင်မင်းစိုးတို့အား ကျေးရွာရှိ ၎င်းနေအိမ်တွင် မင်္ဂလာဧည့်ခံပွဲပြုလုပ်ကာ ထိမ်းမြားပေးခဲ့ခြင်းကြောင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိက ပြောဆိုသည်။

မင်္ဂလာပွဲကျင်းပမည့်သတင်း ရရှိခဲ့သည့်အတွက် နတ်ကန်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ဦးမြင့်ရွှေနှင့် မောင်ဇင်မင်းစိုးတို့တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် မင်္ဂလာဧည့်ခံပွဲ မလုပ်ရန် တားမြစ်ခဲ့ကြောင်း နတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်က ပြေကြားသည်။

တာဝန်ရှိသူများကတားမြစ်သည်ကို လိုက်နာခြင်းမရှိဘဲ မင်္ဂလာပွဲကိုကျင်းပခဲ့သော သတို့သမီး၏ဖခင်ဖြစ်သူ ဦးမြင့်ရွှေနှင့် သတို့သား ဇင်မင်းစိုးတို့အား မဲဇလီနယ်မြေရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

R-04