News

POST TYPE

LATEST NEWS POST

အွန်လိုင်းမှလျှောက်ထားနိုင်မည့် သွင်းကုန်လိုင်းများ ထပ်မံတိုးမြှင့်ထုတ်ပေးမည်
09-Apr-2020
ရန်ကုန်၊ ဧပြီ ၉

ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် ပို့ကုန်သွင်းကုန်လိုင်စင်များထုတ်ပေးလျက်ရှိရာ သွင်းကုန် HS line (455) လိုင်းကို ထပ်မံတိုးမြှင့်ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

Covid-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေနှင့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များကို အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးလျက်ရှိရာ စတင်ခွင့်ပြုသည့် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ ၂၉၈ စောင်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်ကို အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ထုတ်ပေးခဲ့သည့်ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေများတွင် အများစုမှာ လက်ရှိကာလအတွင်း ပြည်သူလူထုအတွက် အရေးပေါ်လိုအပ်သည့် ဆေးနှင့် ဆေးဝါးဆေးသုံးပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်ဆီ၊ ချောဆီတို့ ပါဝင်သည်။

အဆိုပါခွင့်ပြုကုန်ပစ္စည်းများထဲမှ လျှောက်ထားမှုပိုမိုအဆင်ပြေစေရန်အတွက် သွင်းကုန် HS line (455) လိုင်းကို ဧပြီ ၈ ရက်နေ့မှစတင်၍ ထပ်မံထည့်သွင်းတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ပြီး ဧပြီ ၉ ရက်နေ့မှစတင်၍ ယင်းကုန်ပစ္စည်းများအတွက် အွန်လိုင်းပေါ်မှလျှောက်ထားခြင်းကိုသာ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထပ်မံတိုးမြှင့်ထုတ်ပေးသည့် သွင်းကုန် HS line စာရင်းကို www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူလူချင်းထိတွေ့မှုများဟန့်တားနိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ဧပြီ ၁ ရက်နေ့မှစတင်ပြီး အွန်လိုင်းမှလျှောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းများကို စတင်ခွင့်ပြုဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

S-07