News

POST TYPE

LATEST NEWS POST

ကမ္ဘာတစ်လွှား COVID-19 Update သတင်းများ
09-Apr-2020


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကပ်ဘေးကာလတွင် ကမ္ဘာပေါ်မှ စစ်ပွဲများ အပစ်အခတ်ရပ်ထားရန် ပန်ကြားထားပြီးနောက် ယီမင်တွင် ဖြစ်နေသော ဆော်ဒီဦးဆောင်သည့် မဟာမိတ်များ နှင့် ဟော်သီသူပုန်များ တိုက်ခိုက်နေခြင်းအပေါ် ဆော်ဒီက အပစ်အခတ်ရပ်စဲထားလိုက်ကြောင်း ကြေညာထားသည်။ ဟော်သီသူပုန်ဘက်က မည်သို့ အနေအထားရှိသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ အချို့နိုင်ငံများတွင်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွါးနေသေးသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++
အိန္ဒိယကို ပိတ်ချထားပြီး ဗိုင်းရပ်စ်ထိန်းချုပ်ခြင်း lockdown ပြုလုပ်နေရာတွင် တတိယမြောက် သီတင်းပတ်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ကူးစက်မှုနူန်းက လျင်မြန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တစ်ရက်တည်းတွင် ၇၇၃ ဦး ကူးစက်သွားခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၀၅၉ ဦး ရှိသွားပြီဖြစ်သည်။ နှာခေါင်းစည်းများ မဖြစ်မနေတတ်ကြရန် ဒေလီ၊ မွန်ဘိုင်း နှင့် ချန်ဒီဂရာ တို့တွင် အမိန့်ထုတ်ထားပြီး မလိုက်နာသူများကို ဖမ်းဆီးနေသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++
ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု သည် လက်ရှိကပ်ဘေးကြောင့် အရှိန်အဟုန် ပြန်တက်သွားနိုင်ပြီး လူ ဘီလီယံ တစ်ဝက်ခန့် ဆင်းရဲတွင်းထဲ ရောက်သွားနိုင်ကြောင်း ကုလသမဂ္ဂလေ့လာချက်က သတိပေးထားသည်။ နှစ် ၃၀ အတွင်း ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနူန်း ပြန်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဆိုသည်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ နှင့် G20 ဘဏ္ဍာရေး ဝန်ကြီးများအဖွဲ့တို့က အစည်းအဝေးများပြုလုပ်ပြီး အဆိုပါရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++
နယူးဇီလန်နိုင်ငံကို ဗိုင်းရပ်စ်ထိန်းချုပ်ရန်အတွက် ပိတ်ချထားခဲ့ရာမှ ၁၅ ရက်မြောက်လာချိန်တွင် ကူးစက်ခံရမှု ဖြစ်စဉ်သည် တဖြည်းဖြည်းချင်း ကျဆင်းလာကြောင်း အစိုးရကထုတ်ပြန်ထားသည်။ ယနေ့တွင် ကူးစက်ခံရမှုအသစ် ၂၉ ခုသာ ရှိခဲ့ပြီး သီတင်းပတ် ၂ ပတ်တွင် အနိမ့်ဆုံးနူန်းဖြစ်ခဲ့သည်။ အိမ်မှာနေပေးခဲ့ကြသည့် ပြည်သူများကို ကျေးဇူးတင်ပါကြောင်း ဝန်ကြီးချုပ်ဂျာဆင်ဒါအာဒန် က ပြောကြားသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
BBC နှင့် အင်တာဗျူးပြုလုပ်စဉ် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက သိပ္ပံပညာရှင်များ အတည်ပြုပေးလျှင် ယခုလကုန်၌ ပိတ်ဆို့ထိန်းချုပ်ခြင်းများကို ဖယ်ရှားပေးမည်ဟု ပြောကြားလိုက်သည်။ ယခုရက်ပိုင်း ဥရောပတွင် ကူးစက်မှုမြင့်သော အီတလီ စပိန်တို့ ၌ ကူးစက်မှုနူန်းများ ကျဆင်းသွားသည်။

F-02