News

POST TYPE

LATEST NEWS POST

ပြည်ပတင်ပို့သည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ်ရောင်းချပေးရမည်
08-Apr-2020
ရန်ကုန်၊ ဧပြီ ၈

ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့်လိုင်စင်ရရှိထားသူများအနက် မတ်လ ၁၅ ရက်နေ့နောက်ပိုင်း မတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ကုန်လိုင်စင်ရရှိထားသူများအနေနှင့် တင်ပို့သည့်ပမာဏအထောက်အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းကို ရောင်းချပေးရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ဆန်နှင့် ဆန်ကွဲတင်ပို့သည့်ကုမ္ပဏီသည် တင်ပို့ခြင်းမပြုမီကြိုတင်၍လည်းကောင်း၊ အမှန်တင်ပို့ပြီး တစ်ပတ်အတွင်းတွင်လည်းကောင်း နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် သိုလှောင်ရုံသို့အပ်နှံပေးသွင်းရမည်ဖြစ်သည်။

"အရန်ဆန်အဖြစ်ရောင်းပေးရမယ်ဆိုတာကလည်း လိုအပ်လို့ဒီလိုလုပ်တယ်လို့မြင်ပါတယ်။ Covid-19 ရောဂါတွေကြောင့်လည်း ဒီလိုလုပ်လိုက်တာထင်ပါတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက ပြောကြားသည်။

နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင်ပေးသွင်းခြင်းမရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းခြင်းခံရမည်ဖြစ်သည့်အပြင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်နေ့နောက်ပိုင်း ဆန်တင်ပို့ခွင့်လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး တို့အတွက် ၂၀၂၀ ပြည့်နှစ် ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မည့်လုပ်ငန်းအစီအစဉ်များကို သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

S-07