News

POST TYPE

LATEST NEWS POST

နိုင်ငံတကာ COVID-19 Update သတင်းများ
07-Apr-2020


အမေရိကန် ဆေးဝါးနှင့် ဇီဝနည်းပညာကုမ္ပဏီ Inovio Pharmaceuticals က COVID-19 ကာကွယ်ကုသ ဆေး အစမ်းထုတ်လုပ်ထားပြီး အမေရိကန် FDA က ခွင့်ပြုချက် ရပြီးနောက် လူသားနှင့် စစ်ဆေးစမ်းသပ်ခြင်းကို ယနေ့စတင်နေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ ခုခံအား တုန့်ပြန် နိုင်စွမ်း တက်လာစေခြင်းအတွက် တိရစ္ဆာန်များတွင် စမ်းသပ်ခဲ့ပြီးနောက်တွင် အားတက်ဖွယ်ရာ ရလဒ်များ ရခဲ့ပြီးနောက် INO-4800 DNA ကာကွယ်ဆေး နမူနာကို လူသား စေတနာ့ဝန်ထမ်းနှင့် စမ်းသပ်နေပြီ ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် အစ္စလာမ်မစ် သာသနာပြုပွဲတစ်ပွဲနှင့် ဆပ်စပ်မိသော လူ ၂ သောင်းလောက် ကို ရောဂါစောင့်ကြည့်သီးခြားနေထိုင်စေခြင်း Quarantine လုပ်ထားသည်။ သဗ္ဗလိဂ်ဂျမာ့အ်သ် ဟု အမည်ရ သော အစ္စလာမ်သာသနာပြုလှုပ်ရှားမှုသည် တောင်အာရှဒေသတွင် များစွာ ပြုလုပ်လေ့ရှိပြီး ခရီးသွား သာသနာ ပြုခြင်း ဖြစ်ရာ အိန္ဒိယတွင်လည်း ယင်းသို့ ဘာသာရေးယုံကြည်ကျင့်ကြံသူ များစွာ ရှိရာ အဆိုပါ သတင်းက အိန္ဒိယတွင်ပါ ဟိုးလေးတကျော်ကျော်ဖြစ်နေသည်။ အိန္ဒိယတွင် ရောဂါကူးစက်မှု ၄ထောင်ကျော်အနက် ၃၀ ရာခိုင်နူန်းလောက်မှာ အဆိုပါ သာသနာပြု ခရီးစဉ်နှင့် ဆက်စပ်မှု များ ရှိနေသဖြင့် ဘုရားဖူး ပြန်လာသူများကို Quarantine လုပ်စေလျက်ရှိသည်။ COVID-19 ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် မွတ်ဆလင်များ နေအိမ်မှသာ ဝတ်ပြုရန် ဘငျ်ဂလားဒေ့ရျှတှငျလညျး ဆော်သြလျက် ရှိသည်။

ဥရုဂွေး နိုင်ငံ ကမ်းရိုးတန်းတွင် ရောက်နေသော အပျော်စီးသင်္ဘောကြီးပေါ်တွင် လူ ၂၀၀ ပါလာခဲ့ရာ ၈၀ ခန့်မှာ COVID-19 ကူးစက်ခံနေရသဖြင့် ရေထဲတွင် ပိတ်မိသည့် သဘောဖြစ်နေသည်။ အန္တာတိက ဒေသသို့ သွားရောက် လည်ပတ်ခဲ့သော် သင်္ဘောသည် Greg Mortimer သင်္ဘောလိုင်းမှ ဖြစ်ကာ အရေးကြီးလူနားများ ကို ဥရုဂွေး ဆေးရုံသို့ တင်ပို့လိုက်ပြီး၊ ကျန်လူနာများကို သင်္ဘောပေါ်တွင်သာ ဆက်ထားရှိထားသည်။ အဆိုပါ သင်္ဘောသည် မတ်လ ၁၅ ရက်နေ့ကတည်းက အန္တာတိကသို့ ထွက်ခွါလာခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်ရင်း ကျဆုံးသွားကြသော တရုတ်ဝန်ထမ်း သူရဲကောင်းများအတွက် သမ္မတရှီကျင့်ဖျင် ဦးဆောင်သော တရုတ်ခေါင်းဆောင်များက ဂါရဝပြု ဦးညွှတ်ကာ အမျိုးသား အဆင့် ကြေကွဲဝမ်းနည်းမှုအဖြစ် ကြေညာခဲ့သည်။ သမ္မတရှီ သည် သုံးမိနစ်ကြာအောင် ဂါရဝပြု ဦးညွှတ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် လူရှစ်သောင်းကျော် ကူးစက်ခံခဲ့ရပြီး လူ ၃ထောင်ကျော် သေဆုံးခဲ့ရသည်။