News

POST TYPE

LATEST NEWS POST

ကျိုင်းတုံတွင် တောင်စောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
05-Apr-2020


ကျိုင်းတုံ၊ ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး တောင်ခြေရွာအနီး ၁၀ ပေခန့်ရှိ တောင်စောင်းအတွင်း ဧပြီလ ၄ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ပြောကြားသည်။

"သေဆုံးသူက ကျန်းမာရေးမကောင်းလို့ တောင်ကြီးကို ခရီးသည်တင်ကားနဲ့အပြန်မှာ မူးပြီးရစ်နေလို့ဆိုပြီး ကားသမားက ချထားခဲ့တာလို့ သိရတယ်။ သူကအသည်းခြောက်ပြီး သေဆုံးတာပါ။ ကိုဗစ်လူနာထင်ပြီး အခင်းဖြစ်နေရာကို ဘယ်သူမှမကပ်စေဘဲ သွားစစ်ဆေးလိုက်ရသေးတယ်" ဟု၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဦးမျိုးနိုင်(၃၁ နှစ်)သည် ပြင်ပဒဏ်ရာများမတွေ့ရှိဘဲ သေဆုံးခဲ့၍ သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၂၀ ဖြင့် ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် သိရှိရန်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-12