News

POST TYPE

LATEST NEWS POST

ပဲခူးစက်မှုဇုန် စက်ရုံ ၁ ခု ယာယီပိတ်သိမ်းပြီး စက်ရုံ ၅ ခုလူလျှော့မည်
05-Apr-2020
တောင်ငူ၊ဧပြီ ၅

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပဲခူးစက်မှုဇုန်တွင် စက်ရုံ ၁ ခု ယာယီပိတ်သိမ်းမည်ဖြစ်သည့် အပြင် စက်ရုံ ၅ ခုမှလုပ်သားအချို့ကိုလည်းလျော့ချသွားမည်ဖြစ်ကြောင်း ပဲခူးစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားသည်။

"ပိတ်မယ့် စက်ရုံက မေလ ၁ ရက်နေ့မှာ ပိတ်မယ်။ယာယီပိတ်မှာ ဖြစ်တဲ့အတွက် ဥပဒေအတိုင်း ပိတ်ရမယ်။လူ‌လျော့မယ့်စက်ရုံတွေက သုံးလအ
စမ်းခန့် ထားသူတွေ ဖြစ်တာကြောင့်တစ်လလောက် ကြာမယ့်အနေထားရှိတယ်"ဟု ၎င်းကဆိုသည်။

ပဲခူး စက်မှုဇုန်စီမံခန့်မှု ကော်မတီထံယာယီပိတ်သိမ်းရန်နှင့်လုပ်သားအင်အားလျော့ချရန် အတွက်တင်ပြလာသည့် စက်ရုံများမှာအလတ်တန်းနှင့်
အငယ်တန်းစက်ရုံများသာဖြစ်သည့်အပြင် ဧပြီလ ၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြောင့်စက်ရုံများကို ယာယီ ပိတ်သိမ်းပေးရန် စတစ်ကာများဆိုင်းဘုတ်များကိုကိုင်‌ဆောက်ကာ စက်ရုံလုပ်သားအချို့ ကမ်ပိန်းတစ်ခု ပြုလုပ် တောင်းဆိုခဲ့ကြသည်။

ပဲခူးစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံတိုင်းတွင် နေ့စဉ် အလုပ်သမား အဝင်အထွက်တိုင်းကိုယ်အပူရှိန်တိုင်းတာစစ်ဆေးခြင်းများပြုလုပ်နေသည့်အပြင်
လက်ရှိအချိန်ထိကုန်ကြမ်းပစ္စည်းလုံလောက်ပြီး အဝယ် ရှိနေသေးသည့်အတွက် ပိတ်သိမ်းရန် အဆင်မပြေသေးကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ပဲခူးစက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံ ၆၀ ကျော်ရှိပြီး လုပ်သားအင်အားစုစပေါင်း တစ်သိန်းနီးပါးလုပ်ကိုင်နေကြ ပြီးဆယ်ဂဏန်း အထက်မက ရှိနေသည့် ပြိးခဲ့သည့် ရက်ပိုင်းက ပဲခူးစက်မှုဇုန် စက်ရုံတစ်ခုတွင် PPE ဝတ်စုံ နှစ်သိန်း ဝယ်ယူရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်စာချုပ်ချုပ်ဆိုထားသည်။

R-02