News

POST TYPE

LATEST NEWS POST

၀က်လက်တွင် Quarantine မွ ထွက်ပြေးသောလူနာကိုအမှုဖွင့်
30-Mar-2020


ဝက်လက်၊ မတ် ၃၀

ကိုရိုနာဗိုင်းရပ် COVID- 19 ရောဂါမပြန့်ပွားစေရန် ၁၄ ရက် စောင့်ကြည့်လူနာအဖြစ်နေထိုင်ရသော ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာအထက်တန်းကျောင်းခွဲမှ ထွက်ပြေးသောလူနာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ဝက်လက်မြို့မ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အမျိုးသားမှာထိုင်းနိုင်ငံကနေပြန်လည် ရောက်ရှိလာသဖြင့် မတ္လ ၂၇ ရက် ည တွင် စောင့်ကြည့်လူနာများထားရှိမည့် သစ်ဆိမ့်ကြီးကျေးရွာအထက်တန်းကျောင်းခွဲသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

"မတ္လ ၂၈ ရက်နေ့ည ၈ နာရီလောက်မှာလက်ပံလှကသူ့ယောက္ခမတွေရှိတဲ့ဆီထွက်ပြေးတော့ နောက်တစ်ရက် မတ္လ ၂၉ ရက်နေ့မှာကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေနဲ့ ပြန်ခေါ်ခဲ့တယ်" ဟုဝက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း က ပြောကြားသည်။

အဆိုပါ အမျိုးသားကို ၂၀၁၃ ခုနှစ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပြီးပြစ်မှုထင်ရှားပါကအနည်ဆုံးထောင် ၆ လ အမ်ားဆုံး ၂ နှစ်အထိအရေးယူနိုင်သည့် အပြင် ထောင်ဒဏ်၊ငွေဒဏ်နှစ်ခုလုံးချလို့မှတ်နိုင်ကြောင်း ယင်းဥပဒေတွင်ဖော်ပြသည်.

စစ်ကိုင်းတိုင်းဒေသကြီးဝက်လက်မြို့တွင် ပြည်ပနိုင်ငံများနှင့် နယ်စပ်ဒေသမှ ပြန်လာသူ၂၃၉ ယောက်၊ Home Quarantine သတ်မှတ်ခံရသူ ၁၃၅ ယောက်နှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် စောင့်ကြည့်ခံရသူ ၉၈ ယောက်ရှိပြီး ၁၄ ရက် Quarantine ပြည့်တဲ့သူ ၂၇ ယောက် ရှိကြောင်းဒေသအာဏာပိုင်များထံမှသိရသည်။

ရှိုင်းအောင် (VOM)