News

POST TYPE

LATEST NEWS POST

သံဈေးမီးလောင်မှုတွင် အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့သည့်တပ်ဖွဲ့ဝင်များကို ပြည်ထဲရေးဝန်ကြီးဂုဏ်ပြု
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က သံဈေးမီးလောင်မှုတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ပျောက်ပျက်မှုမရှိဘဲ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဂုဏ်ပြုခဲ့သည်။

“သူ့အလုပ်ကိုယ့်အလုပ်မခွဲခြားဘဲ မိမိတို့ရဲ့အခန်းကဏ္ဍအလိုက် ဟန်ချက်ညီညီဆောင်ရွက်နိုင်ခဲ့ပြီး ပိတ်မိနေတဲ့သက်ကြီးရွယ်အို ၊ အမျိုးသမီးငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေကို တပြိုင်နက်ထဲ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။” ဟု ၎င်းကဆိုသည်။

တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြိမ်းသတ်ရာတွင် တပ်ဖွဲ့ဝင်၏ ဂုဏ်သိက္ခာ ၊ တစ်ဦးချင်း ဂုဏ်သိက္ခာကိုကြည့်ပြီး ယာဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြီး ပြည်သူထူထုပါဝင်လာရန် စည်းရုံးလုပ်ဆောင်လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သံဈေးအဆောက်အဦ မီးလောင်မှုတွင် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့်   မီးငြိမ်းသတ်ရေးတပ်ဖွဲ့ဝင်များကို ကျပ်သိန်း ၂၄၀ ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ကျပ် ၁၅သိန်း ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ကျပ် ၇၀ သိန်း ၊ တပ်မတော်စစ်သည်များကို ကျပ် ၅၅ သိန်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ကျပ် ၅၅ သိန်း ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ကျပ် ၅၅ သိန်း နှင့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့အတွက် မတည်လှူဒါန်းငွေကျပ်သိန်း ၁၆၀ စုစုပေါင်း ကျပ်သိန်း ၆၅၀ ကို ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

သံဈေးမီးလောင်ကျွမ်းမှုကို Level 5 အဆင့်ဟု သတ်မှတ်ကာ မီးသတ်ယာဉ် (၁၁၈)စီး ၊ သန္ဓေတပ်ဖွဲ့ဝင် (၇၁၀)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၉၀) ဦးဖြင့် စုပေါင်းငြိမ်းသတ်ခဲ့ပြီး တပ်မတော်မှစစ်သည် (၁၇၀)ဦး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၁၅၈)ဦး ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင် (၁၅၅)ဦး တို့ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့သောကြောင့် ပိတ်မိနေသူ (၈၅)ဦး ကယ်ဆယ်နိုင်ခဲ့သည်။

J-04