News

POST TYPE

LATEST NEWS POST

ရတနာပုံဈေး တတိယနှင့်စတုတ္ထထပ် မကြာမီပြန်ဖွင့်မည်
22-Feb-2020
ဓာတ်ပုံ- ရဲလွင် 

မန္တလေး၊ ဖေဖော်ဝါရီ ၂၁

မီးလောင်ခဲ့သော ရတနာပုံဈေး တတိယထပ်နှင့်စတုတ္ထထပ်တို့ကို မကြာမီပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

"ရတနာပုံဈေး တတိယထပ်က ကွန်ပျူတာအသင်းရုံးခန်းနဲ့ စတုတ္ထထပ်က MRCCI ကုန်သည်ကြီးများအသင်းတွေက ပြင်ဆင်နေပြီး မကြာခင်ဖွင့်တော့မှာပါ။ Perfect စင်တင်နဲ့ KTV လည်းမကြာခင် ပြင်ဆင်လို့ပြီးတော့မှာပါ" ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောဆိုသည်။

မီးလောင်ခဲ့သော ရတနာပုံဈေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက အဆောက်အအုံကြံခိုင်ရေးစစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချက်အဖြေလည်း ယခုရက်သတ္တပတ်အတွင်းရမည်ဖြစ်ကြောင်း၊ ဒုတိယထပ် ရတနာမော Yatanar Mall မှာ  ကြမ်းခင်းပြင်ရမည့်နေရာမှလွဲလျှင် ကျန်သည့်နေရာများ ပြန်ဖွင့်ခွင့်ရတော့မည်ဖြစ်ကြောင်းလည်း ၎င်းက  ဆက်လက်ပြောဆိုသည်။

မန္တလေးမြို့ Sky Walk ရတနာပုံဈေးသည် ဇန်နဝါရီလ ၁၇ ရက်နေ့ညနေပိုင်းက မီးလောင်ခဲ့ပြီးနောက် ဒိုင်းမွန်ပလာဇာကို  ပိတ်ထားရာမှ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

S-02