News

POST TYPE

LATEST NEWS POST

တာချီလိတ်တွင် ငါးမိုင်းပေါက်ကွဲ၍ လူတစ်ဦးဒဏ်ရာရ
22-Feb-2020
ဓာတ်ပုံ-ကိုရဲ

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၂

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အရံမီးသတ်ရုံးအနီးရှိ ရချေောင်းတွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ငါးမိုင်းခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးဒဏ်ရာရရှိကြောင်း တာချီလိတ်မြို့ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်းက ပြောကြားသည်။

"ပုလင်းထဲကို ယမ်းထည့်ပြီး စနက်တံနဲ့ မီးရှို့တဲ့ ငါးမိုင်းဖြစ်မယ်ထင်တယ်။ရေထဲမပစ်ခင် လက်ထဲမှာတင်ပေါက်ကွဲပြီး ညာလက်ရယ် ခြေထောက်နဲ့ပေါင်တွေမှာ ဒဏ်ရာရသွားတယ်။လက်ကဖြတ်ရမယ်လို့တော့ ဆရာဝန်ကပြောတယ်"ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ-ကိုရဲ

အဆိုပါဖြစ်စဉ်တွင် အားဂျေ(ခ)လီဂျေ(၃၃ နှစ်)သည် ယာလက်ဖဝါး နှင့်ယာလက်ချောင်းများ စုတ်ပြဲဒဏ်ရာ၊ယာခြေထောက်ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့၍ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး၎င်းကို အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-12