News

POST TYPE

LATEST NEWS POST

ပဲခူးတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံသည့် လက်မှတ်ရေးထိုးလှုံ့ဆော်မှု ပြုလုပ်
24-Jan-2020

ဓာတ်ပုံ - ကိုမျိုး (ပဲခူး)

တောင်ငူ၊ ဇန်နဝါရီ ၂၃

အခြေခံပညာကျောင်းများ၌ စာသင်ရက်တိုးမြင့်မှုကို ကန့်ကွက်သော ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံသည့် လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၂၃ ရက် နာရီအထိ ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင်ကျင်းပခဲ့သည်။

“စာသင်ရက်တိုးမြင့်မှုမှာ ဆရာ ဆရာမတွေအတွက် ကန့်ကွက်တာမဟုတ်ဘူး။ နွေရာသီပူပြင်ချိန် မပြည့်စုံပဲကလေးတွေစာသင်ရမှာကိုကန့်ကွက်ခဲ့တာပါ။ လက်မှတ်ရေးထိုးထားတာတွေကို ပညာရေးဝန်ကြီးဌာနကို ပို့မယ်ဟု ဦးဆောင်သူ အငြိမ်းစားဆရာဟောင်း ဦးခင်မောင်ရည်က ပြောကြားသည်။

ဖဲကြိုးစိမ်ကမ်ပိန်းလှုပ်ရှားမှု့ လက်မှတ်ရေးထိုးပွဲကို ပဲခူးမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် ဇန်နဝါရီ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ရာ ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခန့်မှ၇ နာရီခန့် အတွင်းလက်မှတ် ၃၀၀ နီးပါး ရရှိခဲ့သည်ဟု ဦးဆောင်သူများထံမှသိရှိရသည်။

ယခုကဲ့သို့ ကန်ပိမ်းတစ်ခု ပြုလုပ်ပြီးကန့်ကွက်ရခြင်းသည် ဆရာ/ဆရာမများ မတ်လကုန်ထိ ကျောင်းတတ်ရ ခြင်းကို ငြင်းပယ်‌နေခြင်း မဟုတ်ဘဲပူပြင်းလှသည့်နွေရာသီမှာ မူလတန်းကျောင်းသား ကလေးငယ်များ ပင်ပန်းနွမ်းနယ်မှုနှင့် အခြားမဖွံဖြိုးသေးသောဒေသများတွင် ရေရှားပါးဒေသများတွင် အဆင်မပြေမှုများဖြစ်‌ပေါ်လာခြင်းကြောင့်သာဖြစ်သည်ဟု ကန့်ကွက်သူအချို့ကဆိုသည်။

ယင်းကဲ့သို့ နွေရာသီကာလ စာသင်ရက်များတိုးမြင့်ခဲ့ခြင်းကို ယခုလ ၆ ရက်နေ့က စစ်ကိုင်းပညာရေးကောလိပ်ကစတင်ပြီး ဖဲကြိုးစိမ်းကန်ပိမ်းစတင်ပြုလုပ်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူပညာရေးကောလိပ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့ကြသည်။

မတ်လကုန်ထိ ကျောင်းများ ဖွင့်လှစ်ပတ်သက်ပြီးတိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပညာရေးတက္ကသိုလ်ကောလိပ်များက ဆန့်ကျင်ကန့်ကွက်နေကြသည့်အပြင် ကျောင်းသားမိဘများကလည်း ပြင်းထန်စွာဝေဖန်နေသော်လည်း ပြင်ဆင်မှုပြုမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

R-15