News

POST TYPE

LATEST NEWS POST

သုံးလကျော်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၁၂၀ ကျော်ရှိ
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုအနေနှင့် အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄၀၀ သန်းအပါအဝင် ကျပ် ၇၁၆,၄၅၁ ဒသမ ၂၈၄ သန်းရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

ယင်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခု၊ အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၄၇၆ သန်းအပါအဝင် ကျပ် ၆၁၆,၂၃၇ ဒသမ ၉၈၀ သန်းအပါအဝင် ကျပ် ၆၁၆,၂၃၇ ဒသမ ၉၈၀ သန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄၀၀ သန်းအပါအဝင် ကျပ် ၇၁၆,၄၅၁ ဒသမ ၂၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြခြင်းဖြစ်သည်။

“တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတွေကို ဦးစားပေးပါတယ်။ MIC ကို တင်ပြလာတိုင်း မပေးပါဘူး။ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် လုပ်ငန်းမျိုးဆိုရင် အစည်းအဝေးမှာကတည်းက လက်မခံဘူးဆိုတာ တစ်ခါတည်းပြောထားတာပါ။ အဆိုပြုချက်စိစစ်ရေးအဖွဲ့က အဆိုပြုလာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ၁၅ ရက် အတွင်း လက်မခံရင် လက်မခံတဲ့အကြောင်း ပြောလိုက်တာပါ” ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနှင့် ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဆိုပြုလုပ်ငန်း ၄ ခု၊ အတည်ပြုလုပ်ငန်း ၁၇ ခုခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၄၅၁ သန်းရှိကာ လုပ်ငန်း ၂၁ ခုမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀,၁၀၂ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။

အဆိုပါခွင့်ပြုပေးလိုက်သည့်လုပ်ငန်းများမှာ လျှပ်စစ်ကဏ္ဍမှ ၁ ခု၊ အိမ်ရာ အဆောက်အအုံကဏ္ဍမှ ၁ ခု၊ အခြားဝန် ဆောင်မှုကဏ္ဍမှ ၁ ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ၁ ခုနှင့် စက်မှုကဏ္ဍမှ ၁၇ ခု ဖြစ်သည်။

J-11