News

POST TYPE

LATEST NEWS POST

အဖိုးတန်ပန်းချီကားနှင့် ဘိုးဘွားပိုင်ရှားပါးပစ္စည်းများ ပြပွဲနှင့် လေလံပွဲ ရန်ကုန်တွင် ကျင်းပ
19-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၉

အဖိုးတန်ပန်းချီကားနှင့် ဘိုးဘွားပိုင်ရှားပါးပစ္စည်းများ ပြပွဲနှင့် လေလံပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ Myanmar Auction ကုမ္ပဏီက ဦးဆောင်၍ ကျင်းပခဲ့သည်။

လေလံစနစ်ဖြင့် ရောင်းဝယ်မှုစနစ်ထွန်းကားလာစေရန်ဦးတည်ပြီး အဖိုးတန်ပန်းချီကားနှင့် ဘိုးဘွားပိုင်ရှားပါးပစွည်းများအား နောက်မျိုးဆက်လူငယ်များ တန်ဖိုးထားတက်စေရန်ရည်ရွယ်၍ ပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း Myanmar Auction ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းစစ်မိုးသော်က ပြောကြားသည်။

“ရှေဟောင်းပစွည်းဆိုတာ တန်ဖိုးသတ်မှတ်လို့မရပါဘူး။ ရောင်းသူအနေနဲ့ ရောင်းချင်တဲ့ပစွည်းကို ပညာရှင်တွေနဲ့ပြသပြီးမှ ဈေးသတ်မှတ်လို့ရတာပါ” ဟု ၎င်းကဆိုသည်။

လေလံပြပွဲတွင် နာမည်ကျော်ပန်းချီဆရာများ၏ ပန်းချီကားများအပြင် ဥရောပ၊ ဂျပန်၊ တရုတ်မှ ရှေဟောင်းပစွည်းများကို ရောင်းချပြီး မြန်မာ့ရှေဟောင်းအမွေအနှစ်များကိုမူ ပြခန်းတွင် ပြသထားကာ ရောင်းချခြင်းမရှိကြောင်း ဒါရိုက်တာ ဦးစိုင်းစစ်မိုး သော်က ရှင်းလင်းပြောဆိုသည်။

အဖိုးတန်ပန်းချီကားနှင့် ဘိုးဘွားပိုင်ရှားပါးပစွည်းများ ပြပွဲနှင့် လေလံပွဲသို့ ပြည်တွင်း ပြည်ပမှ ရှေးဟောင်းပစ္စည်းဝါသနာရှင်များ တက်ရောက်ခဲ့ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လေလံတင်ရောင်းချခဲ့သည်။

မှူးသခင်