News

POST TYPE

LATEST NEWS POST

လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်
19-Jan-2020
ထားဝယ်၊ ဇန်နဝါရီလ ၁၈

အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရမည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် မိတ်ဆက်ထုတ်ပြန်ခဲ့သည်။

လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများ ရုပ်ပိုင်ဆိုင်ရာအားဖြင့်ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် လုံခြုံစိတ်ချရအောင် ဖန်တီးဆောက်လုပ်ထားသည့် စာသင်ကျောင်းများကိုဆိုလိုကြောင်း လမ်းညွန်စာအုပ်တွင် ဖော်ပြထားသည်။

KG+ ဆယ်နှစ်တန်း ပညာရေး သင်ရိုးအသစ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသည်။

ယင်းသင်ရိုးသစ်နှင့် ကိုက်ညီသည့် ကျောင်းဆောင်များလိုအပ်ချက်ရှိလာသည့်အပြင် ကျောင်းသားဦးရေပါ တိုးလာနေသည့်အတွက်ကြောင့် ယင်းကျောင်းများကို ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ သုတေသန တာဝန်ခံ ဦးခင်အောင်က ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း အခြေခံပညာ ဦးစီးဌာနက နောက်ထပ်ဆောက်မည့် အဆောက်အအုံများ၊ ပြုပြင်မည့် အဆောက်အအုံများကို လမ်းညွှန်းစာအုပ်ပါအတိုင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ သုတေသန တာဝန်ခံ ဦးခင်အောင်က ပြောသည်။

ကျောင်းဆောင် ဆောက်လုပ်ရန် အဆိုပြုပါက လုပ်ဆောင်ရမည့် ယင်းလမ်းညွှန်စာအုပ်ပါ အချက်များကိုလည်း တိုင်းအတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာများကို ဆက်လက်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းလမ်းညွှန်စာအုပ်ကို အခြေခံပညာဦးစီးဌာနနှင့် ဆွစ်ဇလန်အစိုးရအဖွဲ့ (Swiss Agency foe Development and Cooperation tzGJU= SDC) တို့က ပူးပေါင်းရေးဆွဲ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကဲ့သို့ စံပြကျောင်းဆောက်မည်ဆိုပါက လက်ရှိအခြေခံပညာ ဦးစီးဌာနက အသုံးပြုနေသည့် ရန်ပုံငွေထက် ပိုမိုကုန်ကျလာနိုင်ကြောင်း ဆွင်ဇာလန်သံရုံးမှ အကြီးတန်းစီမံကိန်း ညှိနှိုင်းရေးမှုး ဒေါ်ဂျင်မီစိုးက ပြောသည်။

“စံပြကျောင်းဖြစ်ဖို့ဆိုရင် ဘေးအန္တရာယ်ကလည်း ကာကွယ်နိုင်ပြီးသားဖြစ်ရမယ်။ ကလေးတွေပျော်ဖို့ သင်ကြားရေး ပတ်ဝန်းကျင်ကို ပြောင်းလဲရမှာပေါ့”ဟု ဒေါ်ဂျင်မီစိုးက ပြောသည်။

ဆွစ်ဇလန်အစိုးရမှလည်း တစ်နိုင်ငံလုံးတွင် အဆိုပါစံပြ စာသင်ကျောင်းကို တစ်နှစ်လျှင် နှစ်ကျောင်းနှုန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းလမ်းညွန်စာအုပ်တွင် စာသင်ကျောင်းဆောက်ရာတွင် လုပ်ဆောင်ရမည့် အချက်များကို အသေးစိတ်ထည့်သွင်း ရေးသားထားသည်။

Dawei Watch