News

POST TYPE

LATEST NEWS POST

မြစ်ဆုံစီမံကိန်းကို အပြီးအတိုင်ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆို
18-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင်းဖျင် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြစ်ဆုံစီမံကိန်းနှင့် တရုတ်စီမံကိန်းများအားလုံးကို အပြီးအတိုင်ဖျက်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွေဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တရုတ်မှ လာရောက်ရင်နှီးမြုပ်နှံသော မြစ်ဆုံစီမံကိန်းအပြင် အခြားသော စီမံကိန်းများမှာလည်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ပြည်သူလူထုကလက်မခံပါက ရပ်ဆိုင်းသင့်သည့်အပြင် ဒေသဖွံဖြိုးရေး နှင့် နိုင်ငံတိုးတက်မှုမရှိပါက ရပ်ပေးရန် တောင်းဆိုကြောင်း ထိုဆန္ဒပြပွဲဦးဆောင်သူ ဦးအောင်စိုးက ပြောကြားသည်။


"အဓိကတော့ မြစ်ဆုံကိုအဓိကထားတောင်းတာပါ။မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ မြစ်ဆုံစီမံကိန်း အခြားသောစီမံကိန်းတွေ ပွင့်လင်းမြင်သာစွာမရှိဘူး။အဲ့ဒါကြောင့် ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း ပွင့်လင်းမြင်သာစွာချပြပါ။မြစ်ဆုံစီမံကိန်းမှမဟုတ်ဘူး။တခြားသောစီမံကိန်းတွေကိုလည်း ပြည်သူလူထုလက်မခံရင် ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းပေးပါ။ဒေသဖွံဖြိုးရေးနဲ့ နိုင်ငံတိုးတက်မူမရှိရင် ရပ်ပေးဖို့တောင်းဆိုတာပါ" ဟုပြောသည်။

“ဧရာဝတီကိုထိရင် ဒီထက်ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်လုပ်ဆောင်သွားမယ်”ဟု ၎င်းကဆိုသည်။
မြစ်ဆုံစီမံကိန်းသည် တစ်နိုင်ငံလုံးနီးပါး ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က ၎င်းအုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ကြောင်း လွှတ်တော်သို့ပေးပို့ကာ ထုတ်ပြန်ကြေညာခဲ့သည်။


မြစ်ဆုံစီမံကိန်းကို အပြီးအတိုင်ဖျက်သိမ်းပေးရန် လိုလားသည့် ဆန္ဒထုတ်ဖော်သူများသည် ရင်းနှီးမြှုပ်နှံမူများနှင့် ပတ်သက်၍ပွင့်လင်းမြင်သာမူရရှိရေး ၊ အမျိုးသားအကျိုးစီးပွားပီပြင်စွာဖြစ်ပေါ်ရေး နှင့် မြစ်ဆုံစီမံကိန်းနှင့်အများပြည်သူ သဘောမတူညီသော စီမံကိန်းများအားအပြီးအတိုင်ရပ်စဲရေး စသည့် အချက် ၃ချက်ကို ကြွေးကြော်ခဲ့ကြသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ရက်က နေပြည်တော်သို့ရောက်ရှိခဲ့ပြီး တရုတ်- မြန်မာ နှစ်နိုင်ငံ
သဘောတူစာချုပ် ၅  ခု၊ နားလည်မှု၊ လဲလှယ်မှု စာချွန်လွှာ ၁၅ ခု၊ စာလွှာ ၉ ခု၊ သဘောတူညီချက် ၄ ခု တို့ကို လက်မှတ်ထိုးခဲ့သည်။

နှင်းနုဝင်း