News

POST TYPE

LATEST NEWS POST

ဒဂုံဆိပ်ကမ်းတွင် အရက်မူးနေသည့် အမျိုးသားနှစ်ဦး အအေးပတ် သေဆုံး
09-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက အရက်အမူးလွန်ပြီး လမ်းဘေးတွင် အိပ်ပျော်သည့် အမျိုးသားနှစ်ဦးမှာ အအေးပတ်ကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူနှစ်ဦးမှ အသက် ၂၇ နှစ်အရွယ် အမျိုးသားမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ သဲထုတ်လုပ်ရေးကွင်းမှ အလုပ်သမားဖြစ်ပြီး ၎င်းမှာ အရက်အမူးလွန်ပြီး မြေကြီးပေါ် မှောက်လျက်လဲကျရာမှ အိပ်ပျော်သွားစဉ် ရာသီဥတုအအေးဒဏ်ကြောင့် အအေးပတ်ကာ နှာခေါင်းမှ သွေးအနည်းငယ် ယိုစီးကျလျက် သေဆုံးခဲ့သည်။

အလားတူ ယင်းနေ့ နံနက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁) ရပ်ကွက်၊ ဧရာဝဏ်လမ်းသွယ်ရှိ ဧရာဝဏ် ဓါတ်အားခွဲရုံရှေ့ လမ်းပေါ်၌ အသက် ၄၀ နှစ်ဝန်းကျင်ရှိ အမည်မသိ အမျိုးသားတစ်ဦးမှာ နှာခေါင်းမှ သွေးအနည်းငယ် ယိုစီးကျလျက် သေဆုံးခဲ့သဖြင့် စုံစမ်းစစ်ဆေးရာ ယင်းအမျိုးသားမှာ အရက်ကြောင် ကြောင်နေသူဖြစ်ပြီး မြေကြီးပေါ် မှောက်လျက်အိပ်ပျော်နေစဉ် အအေးပတ်ကာ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ကနဦး စစ်ဆေးချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံမှ လက်ခံစစ်ဆေးလျက်ရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03