News

POST TYPE

LATEST NEWS POST

ပဲခူးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အသတ်ခံရ
06-Dec-2019
ဓာတ်ပုံ - TMS

တောင်ငူ၊ဒီဇင်ဘာ ၆ 

ပဲခူး အခြေစိုက် Big Boss သောက်ရေသန့်စက် ရုံပိုင်ရှင် ဦးဝင်းထွဋ် သည် အင်းတကော်ရှိ သူ၏ စိုက်ပျိုးရေးခြံတွင် ယမန်နေ့ (ဒီဇင်ဘာ ၅) ရက်   ညနေပိုင်းက  ရိုက်သတ်ခံရပြီး အလောင်းကို မြေမြုပ် ဖျောက်ဖျက်ခံထားသည်ဟု မှုခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသူ အချို့ထံမှ သိရသည်။

အသက် ၅၂ အရွယ်  ဦးဝင်းထွဋ်သည် ဒီ ဇင်ဘာ ၅ ရက်နေ့ညနေ ၄ နာရီကျော်အချိန်ထိ ခင်မင်ရင်းနှီးသူများနှင့် အ ဆက်သွယ်ရှိခဲ့သောလည်း   ညနေ ၅ နာရီခန့်တွင်  မိတ်ဆွေများက အကြောင်း တစ်ခုနှင့်ဖုန်းဆက်သွယ် သည့်အခါမရသဖြင့်ဖုန်းလိုကေးရှင်း
ကို ဂူဂဲလ်မက်မှတဆင့်ရှာဖွေရာ သူပိုင် အင်း‌တကော်စိုက်ပျိုးရေးခြံတစ်ခုကို ညွန်ပြနေသဖြင့် လိုက်လံရှာဖွေကြရာမှ ယနေ့ နံနက် ၃ နာရီခန့်တွင် မြေမြုပ်ခံထားရသည့် အနေထားကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုကူညီရှာဖွေခဲ့သည့် ပဲခူးဒေသခံဦးသန်းမင်းစိုးက ရှင်းပြသည်။

“သူ့ပိုင်အင်းတကော်ခြံထဲမှာ မြုပ်နှံခံထားရပါတယ်။ရိုက်သတ်သွားတဲ့အဓိကတရားခံ လွတ်မြောက်နေသလို သူ့ပိုင်တဲ့ လင်ခရူဆာလည်းပျောက်နေတယ်။အခု တာဝန်ရှိသူတွေနဲ့ အ လောင်းဖော်နေတယ် ဟု အခင်းဖြစ် နေရာရောက်နေသူ  ”ဦးခင်မောင်ရည်က ပြောကြားသည်။ 

အသတ်ခံရသည့် စီးပွားရေးလုပ်ငန်းရှင်ပိုင် လင်ခရူဆာကားတစ်စင်းလည်း ပျောက်နေသည့်အပြင် ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီခန့်က အခင်းဖြစ်ရာနေရာရှိ လုံခြုံရေးကင်မရာမှတ်တမ်းများ အရ သေဆုံးသူ၏ အလုပ်သမား ဖြစ်သူက ရိုက်နှက်ခဲ့သည့်ပုံအချို့ရရှိထားပြီးလတ်တစ်လော ရဲတပ်ဖွဲ့ဝင်များကကနဦးစစ်ဆေး စုံစမ်းနေသည် ဟု သေဆုံးနှင့်ရင်နှီးသူအချို့ထံမှသိရသည်။

R-15