News

POST TYPE

LATEST NEWS POST

မိတ္တီလာကန် ရေလည်ဘုရားအနီးတွင် အမျိုးသားအလောင်းတွေ့
22-Nov-2019

ဓာတ်ပုံ - ကျော်စိုးမိုး

မိတ္ထီလာ၊ နိုဝင်ဘာ(၂၁)

မိတ္တီလာတောင်ကန် အန္တကူရေလည် ဘုရားအနီးတွင် နိုဝင်ဘာလ (၂၁) ရက် မွန်းလွဲပိုင်းက အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မြို့ခံ ရန်အောင်မြင်နာရေးကူညီမှုအသင်းထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၂၁) ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က မိတ္တီလာတောင်ကန်အန္တကူ ရေလည်ဘုရားမှ ရှင်ဥပဂုတ္တဘုရားကျောင်းဆောင်၏ တောင်ဘက် ကိုက် (၂၀)ခန့်အကွာတွင် အမည်မသိအမျိုးသားတစ်ဦးမှာ မှောက်လျက်အနေအထားဖြင့် ရေပေါ်တွင်ပေါ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရာ ဂေါပကဥက္ကဌ ဦးခင်ညိုက ရဲတပ်ဖွဲ့ထံ ဖုန်းဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးချက်အရ အသက် (၃၀) နှစ်ခန့်ရှိ အမျိုးသားမှာ ဦးခေါင်း မျက်နှာ ရင်ဘတ် ဝဲ/ယာ ပေါင် လက် တို့တွင် ရေနူး၍ အရေပြားများလန် ဝဲ/ယာ ခြေထောက်များ ရေနူးပွဝမ်းဗိုက်ဖောင်း ယာဘက်ဝမ်းဗိုက်ဘေး၌ ဆေးကုမှုခံယူထားသည့် ပလာစတာကပ်ထားသည်ကို တွေ့ရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရသဖြင့် သေဆုံးသူအား မိတ္ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ သေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သေဆုံးခြင်းအမှန်သိရှိနိုင်ရေးအတွက် ဒုရဲအုပ်စိုးမိုးကျော်က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မြို့မရဲစခန်းက သေမှုသေခင်း အမှတ် (၂၃/၂၀၁၉) ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

R-01