News

POST TYPE

LATEST NEWS POST

ဗကသများအဖွဲ့ချုပ် ဗကသဟောင်း ကိုရဲရင့်ကျော် စတင်ရုံးထုတ်စစ်ဆေး
20-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၂၀

စစ်ပွဲများရပ်တန့်ရေးအတွက် ၂၀၁၈ ခုနှစ် မေလအတွင်း ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်ခဲ့သူ ဗကသဟောင်း ကိုရဲရင့်ကျော်ကို နိုဝင်ဘာလ ၂၀ ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံး၌ စတက်ရုံးထုတ်စစ်ဆေးခဲ့သည်။

“လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အမှုအခုရုံးထုတ်တာပဲ” ဟု ကိုရဲရင့်ကျော်က ဆိုသည်။

ကိုရဲရင့်ကျော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ ၃၆ လမ်း ၈၂ လမ်းထောင့်ရှိ ‘ကောင်းကျော်’ ကဖေးတွင်ထိုင်နေစဉ် ၂၀၁၈ ခုနှစ် မေလအတွင်းမှ ဝရမ်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးဇာနည်အောင်က ၂၀၁၈ တုန်းကအမှုတွေ ဝရမ်းတွေ အားလုံးပြီးသွားပြီလို့ သူ့ကိုပြောဖူးတာကို သတိရမိပါတယ်” ဟု ကိုရဲရင့်ကျော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက မှတ်ချက်ပြုသည်။

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများလွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်ခန်းမအနီး ကျုံးဘေးတွင် ဗကသဟောင်း ကိုရဲရင်ကျော်အပါအဝင် နိုင်ငံရေးတက်ကြွသူအချို့သည် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့ညပိုင်း၌ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ ဗကသအဖွဲ့ဝင် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့သည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ငြိမ်း။စု။စီဥပဒေပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ် ၃ လ ချမှတ်ခံခဲ့ရသည်။
(M - 01)