POST TYPE
LATEST NEWS POST
ပြည်သူ့အိမ်ရာနှင့် အစိုးရအိမ်ရာများ ၂ နှစ်ခွဲအတွင်း အခန်းတစ်သောင်းကျော် တည်ဆောက်မည်
13-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ ၁၃
၂ နှစ်ခွဲကာလအတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း ၁၀,၀၀၀ ကျော် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
မြို့ပြနှင့် အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့်သုံးနှစ်အတွင်း ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် လုပ်ငန်းရှင်များအနေနှင့် အဆိုပါစီမံကိန်းကြီးများတွင် ဝင်ရောက်လုပ်ကိုင်ရန်နှင့် စီးပွားရေးလည်ပတ်မှုကို အထောက်အပံ့ပေးနိုင်ရန် အဆိုပါအိမ်ရာများဖြင့် မျှော်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“ပြည်သူ့အိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာတွေအနေနဲ့ အခန်းပေါင်း ၁၀,၉၂၄ ခန်း ဆောင်ရွက်နေတယ်။ အဲဒီမှာ ရာနှုန်းပြည့် အခန်းပေါင်း ၅၇၀၀ ကျော်ပြီးနေပြီ။ ရာခိုင်နှုန်းအနေနဲ့ ၇၀ ပြီးစီးနေပြီ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်းကို ကျပ် ၁၀,၀၀၀ နှင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် CHID ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် အိမ်ရာများ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
ယခုနောက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကနဦးပေးသွင်းငွေ မတတ်နိုင်သူများကို လစဉ်အရစ်ကျပေးငွေဖြင့် အိမ်ရာများရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
ပြည့်ဖြိုးမြင့်မွန်
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
01-Dec-2019