News

POST TYPE

LATEST NEWS POST

ကွမ်းယာဆိုင်များကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဟု ရန်ကုန်စည်ပင်ဆို
22-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်များကို စည်ပင်အနေနှင့် တရားဝင်ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ ဌာနမှူး ဦးကျော်မင်းက ပြောကြားသည်။

“ကျွန်တော်တို့စည်ပင်သာယာမှာ ကွမ်းယာဆိုင်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ လမ်းဘေး ဈေးဆိုင်ဆိုတာပဲ ရှိပါတယ်။ လမ်းဘေးမှာ ဘောလ်ပင် ရောင်းချင် ရောင်းပါမယ်။ နားဖာကလော် ရောင်းရင်လည်း ရောင်းပါမယ်။ ကွမ်းယာရောင်းရင်လည်း ရောင်းပါမယ်။ ဒါတွေနဲ့ ပတ်သက်ရင်တော့ လမ်းဘေးဈေးသည်မူဝါဒနဲ့ သက်ဆိုင်ပါတယ်”ဟု ဦးကျော်မင်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် လမ်းဘေးဈေးသည်များအား ၂၀၁၁ ခုနှစ်ကတည်းက အခွန်အခကောက်ခံခြင်း ရပ်နားခဲ့ကြောင်းနှင့် စည်ပင်သာယာက အခွန်အခ ကောက်ခံနေသူများကို သက်သေနှင့်တကွ တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်မင်းက ဆက်လက်ပြောကြားသည်။

ကွမ်းယာနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ထိခိုက်လာသည့် အစားအသောက်များ ရောင်းချလာပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေက ပြဋ္ဌာန်းထားသည့်အတွက် ယင်းဥပဒေအတိုင်း ပြည်သူလူထု ကျန်းမာရေး မထိခိုက်စေရန် အသိပေးဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10



  • VIA