News

POST TYPE

LATEST NEWS POST

ကျောက်ကြီး စပ်လဲရေတံခွန်တွင် လာရောက်လည်ပတ်သူတစ်ဦး ရေနစ်သေဆုံး
14-Oct-2019


တောင်ငူ၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းက လာရောက်လည်ပတ်‌သူအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ကျောက်ကြီးမြို့မရဲခစန်းမှ သိရသည်။

ရန်ကုန်မြို့မှကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်သို့ လာရောက်လည်ပတ်သူ ဝေဖြိုးအောင် (၂၂ နှစ်) ဆိုသူသည် ရေတံခွန်တွင်ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီရေတံခွန်က ရေနက်တဲ့ နေရာတွေများတယ်။ ကျွန်တော်တို့တောင် သတိထားနေရတာပါ။ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့တုန်းကလည်း ရန်ကုန်ကတစ်ယောက် ရေနစ်သေဆုံးပါတယ်”ဟု ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‌အဆိုပါအမှုနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၉ ဖြင့် အမှုဖွင့်လှစ် စစ်ဆေး‌လျက်ရှိသည်။

R-15





  • VIA