POST TYPE
LATEST NEWS POST
ပန်ကာဖွင့်ပြီး ကုလားထိုင်တွင်အိပ်ပျော်နေသူ ရုတ်တရက်သေဆုံး
17-Sep-2019
တောင်ငူ၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အမျိုးသားတစ်ဦး ပန်ကာဖွင့်ပြီး ပက်လက်ကုလားထိုင် ပေါ်အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးခဲ့ကြောင်း တောင်ငူမြို့နယ်အမှတ် ၂ နယ်မြေရဲစခန်းမှ သိရသည်။
“အသက်ကြီးတာလည်း ပါမယ်ထင်တယ်။ အတိကျကတော့ ဆေးစစ်ချက်ထွက်မှပဲ ပြောလို့ရမယ်”ဟု တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
တောင်ငူမြို့နယ် အမှတ် ၅ ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းနေအိမ်တစ်အိမ်တွင် အသက် ၆၅ နှစ်အရွယ်ဦးသိန်းတန်ဆိုသူသည် ပန်ကာဖွင့်ပြီး ပက်လက်ကုလားထိုင်ပေါ် အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
R-15
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021