News

POST TYPE

LATEST NEWS POST

မကွေးတိုင်းရှိ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထီရောင်းရန်သုံးဘီးဆိုင်ကယ်များ ကူညီ
16-Sep-2019


မကွေး၊ စက်တင်ဘာ ၁၆

မကွေးတိုင်းအတွင်းရှိ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပြီး ထီရောင်းရန် သုံးဘီးဆိုင်ကယ်များ ကူညီပံ့ပိုးပေးလျှက်ရှိကြောင်း ယင်း တိုင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးကျော်ဟိန်းက ပြောကြားသည်။

မကွေးတိုင်းကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းထံ သုံးဘီးဆိုင်ကယ် ၆ စီး ကူညီထားသော်လည်း သုံးဘီးဆိုင်ကယ်ရယူသူများက တစ်လလျှင် အသင်းရံပုံငွေ ကျပ် (၁) သောင်းနှုန်းဖြင့် (၂)နှစ်ခန့် ပေးသွင်းရမည်ဖြစ်သည်။



အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွည်ပြီး မသန်စွမ်းသူများက ထီရောင်းချခြင်းဖြစ်သော်လည်း မသန်စွမ်းမှုကို အကြောင်းပြကာ ဈေးတင်ရောင်းချခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးကျော်ဟိန်းက ရှင်းပြသည်။

“မသန်စွမ်းကျောင်းသားတွေရှိတယ်၊ သူတို့အတွက် ပညာသင်စရိတ်၊ အခြားအထောက်အပံ့တွေနဲ့အတူ Wheel Chair တွေ ထောက်ပံ့ပေးနေရပါတယ်။ တတ်နိုင်သလောက်ရလာတဲ့ ရံပုံငွေထဲကနေ မသန်စွမ်းမိသားစုတွေအတွက် ရှာကြံပြီး လုပ်ပေးနေတာပါ”ဟု ၎င်းက ဆိုသည်။

မသန်စွမ်းသူများ၏ ဘဝရပ်တည်ရန် အမှန်တကယ်အလုပ်လုပ်မည်ဆိုပါက အဆိုပါထီလှည်းလေးများကို မကွေးတိုင်းကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းထံ လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် မသန်စွမ်းသူများအတွက် အစိုးရဌာနများကလည်း ပါဝင်ကူညီပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

R-23


  • VIA