News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းတွင် ၉ လအတွင်း လူကုန်ကူးမှု ၂၁ မှု ဖြစ်ပွား
16-Sep-2019



ပုသိမ်၊ စက်တင်ဘာလ ၁၆

ဧရာဝတီတိုင်းအတွင်း ၂၀၁၉ နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း လူကုန်ကူးခံရမှု ၂၁ မှုဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းရှိ အမှတ် ၇ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှသိရသည်။

လူကုန်ကူးမှု ၂၁ မှုတွင် တရုတ် မယားအဖြစ် ရောင်းစားခံရမှု ၁၁ မှု တရုတ်နိုင်ငံတွင် လုပ်အားခ ခေါင်းပုံဖြတ်မှု ၃ မှု၊ ထိုင်းနိုင်ငံတွင် လုပ်အားခ ခေါင်းပုံဖြတ်မှု ၁ မှု၊ ပြည်တွင်း ကာမခေါင်းပုံ ဖြတ်မှု ၁ မှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်မှု ၅ မှုတို့ဖြစ်သည်။



“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ၁၅ မှုဖြစ်ခဲ့တယ်ဆိုတော့ ဒီနှစ်ဖြစ်ပွားမှု ပိုများလာတယ်။ စားဝတ်နေရေး မပြေလည်လို့ ပြည်ပမှာ အလုပ်သွားလုပ်ရာကနေ တရုတ်မယားအဖြစ် ရောင်းစားခံရတာပါ။ဖျာပုံ ရေလုပ်သား ခေါင်းပုံဖြတ်ခံရမှုကတော့ နည်းသွားတယ်”ဟု အမှတ် ၇ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲမှုးသက်ဦးက ဆိုသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်၍ ၈ လအတွင်း လူကုန်ကူးခံရသူ အမျိုးသား ၂၅ ဦး အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၆၁ ဦးအနက် အမျိုး ၁၈ ဦး အမျိုးသမီး ၂၆ ဦး စုပေါင်း ၄၄ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ကျူးလွန်သူ တရားခံ အမျိုးသား ၂၀ ဦး အမျိုးသမီး ၃၂ ဦး စု စုပေါင်း ၅၂ ဦးကို ဖော်ထုတ်အရေးယူ နိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့စု မှတ်တမ်းတွင် ဖော်ပြပါရှိသည်။

R-12