POST TYPE
LATEST NEWS POST
မူဆယ်မြို့တွင် ပြည့်တန်ဆာ အလုပ်ခေါ်စာများ လူမြင်ကွင်းတွင် ကပ်ထားသည့် တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီး စစ်ဆေးနေဟုဆို
15-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၅
ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက လူမြင်ကွင်းဖြစ်သော လမ်းဘေး ဓာတ်တိုင်များတွင် ပြည့်တန်ဆာ အလုပ်ခေါ်စာများ ကပ်ထားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား အမျိုးသားလေးဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“မုံးကိုးမြို့မှာနေတဲ့ ရှမ်းတရုတ်လူမျိုး လေးယောက်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီလူ လေးယောက်က မြန်မာနိုင်ငံမှာနေတဲ့ တရုတ်နိုင်ငံသားတွေ”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ အမျိုးသားလေးဦးမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မည့် အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြားအရွယ်ရှိ အမျိုးသမီး ၂၅ ဦးကို အလိုရှိကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရေးသားဖော်ပြထားသော စာရွက်များကို မူဆယ်မြို့အတွင်းရှိ လမ်းဘေးဓာတ်တိုင်များတွင် ကပ်ထားခဲ့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“စာရွက်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး အသွင်ယူ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့တာပါ။ လက်ရှိ စစ်ဆေးနေဆဲမို့ အမှုဖြစ်စဉ်ကို အသေးစိတ်ပြောလို့မရသေးဘူး” ရဲအရာရှိက ဆိုသည်။
ဖမ်းမိထားသည့် တရုတ်နိုင်ငံသား အမျိုးသားလေးဦးကို ဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အလုပ်ခေါ်စာအရ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် အမျိုးသမီးဆယ်ဦးခန့်က ၎င်းတို့ထံ ဆက်သွယ်ခဲ့ကြောင်း စုံစမ်းသိရှိရသော်လည်း ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ်အချိန်၌ အမျိုးသမီးများကို မတွေ့ရှိခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းထံမှ သိရသည်။
S-03
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021