News

POST TYPE

LATEST NEWS POST

လှိုင်သာယာတွင် လူသတ်မှုဖြစ်
25-Aug-2019

ရန်ကုန်၊ သြဂုတ် ၂၅

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာရှိ အဆောင်တစ်ဆောင်တွင် သြဂုတ် ၂၄ ရက် ညနေပိုင်းက မယား ညီအစ်ကိုနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဦးစိုးဝင်း (၄၄) နှစ်မှာ အခင်းဖြစ်နေ့က မယားညီအစ်ကို တော်စပ်သူ ဦးခင်ဇော်ဦး (၅၂) နှစ်နှင့်အတူ အဆောင်ရှိ အခန်းအတွင်း အရက်အတူ သောက်စားနေရာမှ စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဦးခင်ဇော်ဦးက ၎င်းအား မီးဖိုချောင်သုံး ဓားဖြင့်ထိုးခဲ့သည်။

ဓားဖြင့်ထိုးခံရသူ ဦးစိုးဝင်းမှာ ရင်အုံနှင့် ညာနံစောင်းတွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ ကုသစဉ် သေဆုံးခဲ့သောကြောင့် တန်ဖိုးနည်းအိမ်ရာအနီးတွင် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဓားအား သွားရောက်စွန့်ပစ်ခဲ့သူ ခင်ဇော်ဦးကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး လှိုင်သာယာမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

S-03