News

POST TYPE

LATEST NEWS POST

နိုင်ငံတကာ စစ်တီးဝိုင်းပွဲတော် ရုရှားနိုင်ငံ မော်စကိုတွင် ကျင်းပ
25-Aug-2019



မော်စကို၊ သြဂုတ် ၂၅

ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် နိုင်ငံတကာ စစ်တီးဝိုင်းပွဲတော် ကျင်းပလျက်ရှိရာ နိုင်ငံစုံ စစ်တပ်များမှ လက်ရွေးစင်စစ်တီးဝိုင်းများ လာရောက်တီးမှုတ်ဖျော်ဖြေလျက်ရှိသည်။

မော်စကိုမြို့မှ နာမည်ကျော် ရင်ပြင်နီတွင် စစ်တပ်အသီးသီးမှ စစ်တီးဝိုင်းများ နေရာယူကြကာ စစ်ချီတေးများ တီးမှုတ်လျက် ရှိကြသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော စစ်တီးဝိုင်းပွဲတော်ကို သောကြာနေ့က စတင်ကျင်းပခဲ့ပြီး လာမည့် စက်တင်ဘာလ ၁ ရက်နေ့အထိ ဆက်လက် တီးမှုတ်ချီတက်မည်ဖြစ်သည်။

မက္ကဆီကို၊ မြန်မာ၊ အီဂျစ်၊ တရုတ် စသည်တို့ အပါအဝင် နိုင်ငံပေါင်းများစွာမှ စစ်တီးဝိုင်းများ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ထောင်ပေါင်းများစွာသော ပရိသတ်များ လာရောက်အားပေးခဲ့ကြသည်။

စစ်ချီတေးများသာမက ရိုးရာတေးဂီတများကိုပါ ထည့်သွင်း တီးမှုတ်ချီတက်ကြခြင်းဖြစ်ရာ ပရိသတ်များက နိုင်ငံစုံ ဂီတအကများကို ကြည့်ရှုခဲ့ရသည်။

ချီတက်အင်အားပြရာတွင် လက်နက်စွမ်းရည်များ၊ နည်းပညာသုံးတင်ဆက်မှုများ ပါဝင်ခဲ့ပြီး ညဘက်ဖျော်ဖြေပွဲတွင် ရင်ပြင်နီ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပစ်ခတ်ခဲ့ကြသည်။

F-02