News

POST TYPE

LATEST NEWS POST

မင်္ဂလာဒုံတွင် ကျောင်းဆရာမတစ်ဦး နေအိမ်အတွင်း ပုပ်ပွသေဆုံး
22-Aug-2019
ရန်ကုန်၊ သြဂုတ် ၂၂

မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်တွင် သြဂုတ် ၂၁ ရက် ညနေပိုင်းက နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသည့် ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပုပ်ပွသေဆုံးနေသူမှာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းဆရာမဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် လေးရက်ထဲက ကျောင်းသို့ လာရောက်ခြင်းမရှိသဖြင့် အလုပ်တူလုပ်ကိုင်နေသော ကျောင်းဆရာမ တစ်ဦးက နေအိမ်သို့ လိုက်လာရာမှ သေဆုံးနေသည်ကို သိရှိခဲ့သည်။

သေဆုံးသူ အသက် ၄၄ နှစ် ကျောင်းဆရာမမှာ နေအိမ်တံခါးပိတ်၍ အိပ်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက်ဖြင့် သေဆုံးနေပြီး ၎င်းမှာ နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါများ ခံစားနေရသူဖြစ်ကြောင်း သိရှိရသောကြောင့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်၍ သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA