News

POST TYPE

LATEST NEWS POST

အင်းစိန်တွင် ငါးမျှားသူတစ်ဦး ရေနစ်သေဆုံး
22-Aug-2019
ရန်ကုန်၊ သြဂုတ် ၂၂

အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်တွင် သြဂုတ် ၂၁ ရက် ညနေပိုင်းက ရေကန်ထဲရှိ ငါးမျှားကြိုးကို ဆင်းဆယ် ယူသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၃၅ နှစ် အမျိုးသားမှာ ယင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညနေပိုင်းက အရက်သေစာသောက်စားပြီးနောက် ဇီးအုံကုန်းလမ်းနှင့် မင်္ဂလာလမ်းထိပ်ရှိ ရေကန်၌ အချိုရည်ဗူးတွင် ငါးမျှားကြိုးကို ရစ်ပတ်ချည်နှောင်၍ ငါးမျှားခဲ့သည်။

ငါးမျှားနေစဉ် ကြိုးပတ်ထားသည့်ဗူးမှာ ရေကန်အလယ်သို့ မျောပါသွားသဖြင့် ရေထဲဆင်း ဆယ်ယူရာမှ အဆိုပါ အမျိုးသားမှာ ရေနစ်သေဆုံးခဲ့သောကြောင့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်၍ သေမှုသေခင်း အမှတ်စဉ် ၇၃/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA