POST TYPE

LATEST NEWS POST

လွိုင်ကော်-တောင်ငူလမ်း တံတားတစ်စင်းကျိုးကျ
17-Aug-2019

တောင်ငူ၊ သြဂုတ် ၁၇

လွိုင်ကော် - တောင်ငူ ကားလမ်းပိုင်း လိပ်သိုလ်မြို့နယ်ခွဲ သောက်ရေခပ်ရွာနှင့် ခဲချောင်းရွာအကြား တံတားတစ်စင်း သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက ကျိုးကျသွားခဲ့ကြောင်း လွိုင်ကော် ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

အဆိုပါတံတားမှာ အရှည် ၁၅ ပေရှိသော ဘေလီတံတားဖြစ်ပြီး ခံနိုင်ဝန် ၃ တန်နီးပါးသာရှိသော်လည်း ကားကြီးအချို့ ဖြတ်သန်းမောင်းနင်နေကြသည်။

လွိုင်ကော်-တောင်ငူ ခရီးသည်တင်ယာဉ်လိုင်းများ နှစ်ဖက်အသွားအလာရပ်ဆိုင်းခဲ့ရပြီး ပင်လောင်းလမ်းဘက်မှ ကွေ့ဝိုက်သွားကြရမည်ဖြစ်သည်။

R-15