News

POST TYPE

LATEST NEWS POST

လားရှှိုးတွင် လက်နက်ကြီးပစ်ခံရ၍ စက်သုံးဆီဆိုင်နှစ်ဆိုင် မီးလောင်ပျက်စီး
17-Aug-2019


လားရှိုး၊ သြဂုတ် ၁၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်းအကျော် ၂၁ မိုင် နမ့်တွန်းရွာအနီးလမ်းပေါ်သို့ ယနေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စက်သုံးဆီဆိုင်နှစ်ဆိုင် မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူရှိခဲ့သော်လည်း လတ်တလောအခြေအနေကြောင့် ကူညီကယ်ဆယ်၍ မရသေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယနေ့နံနက်အစောပိုင်းကလည်း သိန်းနီ - ကွမ်းလုံသွားလမ်း မိုင်တိုင် ၄၁ အနီးတံတားတစ်စင်းကို လက်နက်ကိုင်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ရာ ကွမ်းလုံ- ချင်းရွှေဟော်- လောက်ကိုင်လမ်း ဆက်သွယ်သွားလာရေးပြတ်တောက်လျက်ရှိသည်။



မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုကို တိုက်ခိုက်ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မိုင်းခွဲဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြင်ဦးလွင် - နောင်ချို၊ ဂုတ်တွင်းရဲကင်းစခန်းနှင့် မူးယစ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အရပ်သားများအပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့သည်။

R-07