POST TYPE
LATEST NEWS POST
လကမ္ဘာသို့ လူသားခြေချနိုင်ခြင်း နှစ်ငါးဆယ်ပြည့် ဆင်နွှဲမှုများပြုလုပ်
21-Jul-2019

ဝါရှင်တန် ဒီစီ၊ ဇူလိုင် ၂၁
လပေါ်ကို ပထမဆုံးအကြိမ် လူဆင်းသက် ခြေချနိုင်ခြင်း နှစ်ငါးဆယ်ပြည့်သည့်အတွက် လူထောင်ပေါင်းစွာဟာ အောင်ပွဲခံ ဆင်ယင်ကျဉ်းပနေကြလျက်ရှိသည်။
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က Apollo 11 အပိုလိုအီလဲဗင်း လဆင်းယာဉ်သည် လကမ္ဘာပေါ်ကို ရောက်ရှိ ဆင်းသက်နိုင်ခဲ့သည်။
အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းသည် လပေါ်တွင် ပထမဆုံး လမ်းလျှောက်သော လူသားဖြစ်လာခဲ့သည်။
စစ်အေးတိုက်ပွဲကာလက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ အာကာသကို စိုးမိုးရေးယှဉ်ပြိုင်ခဲ့ကြရာ လပေါ်သို့ ဆင်းသက်နိုင်မှုသည် အာကာသလုပ်ငန်းများအကြား အဓိက ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။
NASA နာဆာ အာကာသအေဂျင်စီက သမိုင်းဝင် ဗီဒီယိုများကို အွန်လိုင်းတင်ပေးခဲ့ပြီး လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်က လူသန်းငါးရာခန့် စောင့်ကြည့်ခဲ့ကြသည့် အချိန်အခါသမယကို ပြန်လည်မျှဝေခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်တွင် လပေါ်လူဆင်းသက်သည့် နှစ်ငါးဆယ်ပြည့်မြောက် အချိန်ကို ရေတွက်ဟစ်အော်ကာ အောင်ပွဲခံခဲ့ကြ၏။
F-02
- SOURCES
- The Voice
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
05-Dec-2019
-
01-Dec-2019