News

POST TYPE

LATEST NEWS POST

ဘတ္ထရီရှော့ခ်တိုက် ငါးဖမ်းသူတစ်ဦး ဓာတ်လိုက်သေဆုံး
20-Jul-2019
တိုက်ကြီး၊ ဇူလိုင် ၂၀

သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာချောင်းတွင် ဘတ္ထရီရှော့ခ်တိုက် ငါးဖမ်းသူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ယင်းကျေးရွာဒေသခံများနှင့် ဇီးကုန်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယင်းကျေးရွာနေ ကိုလှစိုး (၃၆ နှစ်) သည် ဇူလိုင် ၁၉ ရက်၊ ညနေပိုင်းက ယင်းချောင်းအတွင်း ရှော့ခ်တိုက်ငါးဖမ်းစဉ် ဓာတ်လိုက်ပြီး ချောင်းအတွင်းနစ်မြုပ်ကာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ခန္ဓာကိုယ်အနှံ့ ပြာနှမ်းသေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ငါးရစ်၊ ငါးသန်ကာလ မေ၊ ဇွန်၊ ဇူလိုင်လများတွင် ငါးမဖမ်းရသတ်မှတ်ထားပြီး မည်သည့်ကိရိယာနှင့်မျှ ဖမ်းဆီးခွင့်မပြုဘဲ ဘတ္ထရီရှော့ခ်တိုက်ဖမ်းပါက ထောင် ၆ လ မှ ၃ နှစ် အထိ ပြစ်ဒဏ်ရှိကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစုံမှိုင်းက ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဇီးကုန်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ယင်းရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်က တာဝန်ယူစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-19