News

POST TYPE

LATEST NEWS POST

မကွေးတိုင်းတွင် H1N1 ဗိုင်းရပ်စ်ရှိသူ (၉) ဦး တွေ့ရှိ တစ်ဦးသေဆုံး
18-Jul-2019
မကွေး၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 သံသရှိသူ (၁၉)ဦးကို ဓာတ်ခွဲစစ်ဆေးရာ (၉) ဦး တွေ့ရှိကြောင်း အတည်ပြုထားပြီး တစ်ဦးသေဆုံးကြောင်း မကွေးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

H1N1 သံသယရှိသူ ၉ ဦးမှာ အောင်လံမြို့တွင် (၆) ဦး၊ သရက်မြို့တွင် (၂) ဦး၊ နတ်မောက်မြို့တွင့် (၁) ဦးရှိရာ အောင်လံမြို့နယ်မှ(၉) နှစ်အရွယ် တစ်ဦးသည် ဇူလိုင်လ ၁၃ ရက်နေ့က သေးဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ကူးစက်တာ ကာကွယ်ဖို့ စောင့်ကြည့်လုပ်ငန်းရှိတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေရှိတယ်။ သက်ဆိုင်ရာမြို့နယ်တွေမှာ ရောဂါလုပ်ငန်းစဉ်အလိုက် စောင့်ကြည့်နေပြီး လိုအပ်ရင် ချက်ချင်းသွေးဖောက်စစ်တဲ့ ကိရိယာတွေရှိနေပါပြီ"ဟု မကွေးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းအတွင်း H1N1 ပိုးတွေ့ရှိသူ (၉) ဦးမှာ အသက် (၂) နှစ်မှ (၉၀) ကြားတွင်ရှိကြပြီး ယင်းတို့ကို ရန်ကုန်မြို့ရှိ ရန်ကင်းဆေးရုံကြီးတွင် လွှဲပြောင်းကုသလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၁၇) ရက်နေ့အထိ H1N1 ပိုးတွေ့ရှိသူ (၂၈၁)ဦးရှိရာတွင် (၅၆) ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးပြည့်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

R-23