POST TYPE
LATEST NEWS POST
ရန်ကုန်တွင် လမ်းဘေးဈေးသည်များ ပပျောက်အောင် လုပ်ဆောင်နေဟု စည်ပင်ဆို
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၇
ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များ ပပျောက်ရေးလုပ်ဆောင်နေပြီး လက်ရှိတွင် လမ်းမကြီးများပေါ်ရှိ ဈေးသည်များ ပပျောက်ရေးကို အဓိကထား လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ပြောကြားသည်။
ရန်ကုန်မြို့လယ်မှ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်း စသည့် လမ်းမကြီးများပေါ်ရှိ လမ်းဘေးဈေးသည်များကို အဓိက ထားရှင်းလင်းနေကြောင်း ၎င်းကဆိုသည်။
“လမ်းမကြီးတွေမှာ လမ်းဘေး ဈေးသည်ပပျောက်ရေးကို ဦးစားပေးလုပ်နေတယ်။ သူတို့ရဲ့စားဝတ်နေရေးရှိသေးတယ်။ ဒါကိုပြန်ကြည့်ရတယ်။ ပြန်မကြည့်လို့မရဘူး။ လုံးဝကြီး ပပျောက်အောင် ဒါကို တိတိကျကျ အရေးယူလို့ရလား ဆိုတော့မရပါဘူး။ ဒါပေမဲ့ လမ်းမကြီးတွေမှာ တိတိကျကျ လုပ်မယ်”ဟု ဦးသန်းက ပြောကြားသည်။
လမ်းသွယ်များတွင်မှု လမ်းအနေအထားပေါ်မူတည်၍ ညှိနှိုင်းကာ ဈေး ရောင်းချခွင့်ပြုထားပြီး ယင်းလုပ်ဆောင်မှုမှာ ဈေးသည်များ၏ စားဝတ်နေရေး အဆင်ပြေရန် စဉ်းစားပေးခြင်းဖြစ်ကာ လမ်းဘေးဈေးသည်များကို ဈေးရုံများအတွင်းသို့ ရောက်ရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအစိုးရလက်ထက်တွင် မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ရန်ကုန်မြို့ ညဈေးတန်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ယင်းညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကာ မြို့တွင်းလေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို သခင်မြပန်းခြံအနီးမှ ပန်းဆိုးတန်း ကမ်းနားအထိ၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်းနှင့် ဘဏ်လမ်းတို့တွင် ပြောင်းရွှေ့ ရောင်းချခွင့်ပေးထားကာ ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထားသည်။
ညဈေးတန်း စတင်ဖွင့်လှစ်စဉ်က ဈေးဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ကို နေရာချပေးခဲ့သော်လည်း ယခုလက်ရှိ မိုးရာသီတွင် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ခန့်သာ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
J-10
- VIA
- Voice Admin
- SOURCES
- The Voice
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
13-Dec-2019
-
01-Dec-2019