News

POST TYPE

LATEST NEWS POST

ရည်းစားဟောင်းကို မချစ်ဘူးဟု ပြောသည့် အမျိုးသမီး ဓားဖြင့်ထိုးခံရ
20-Jun-2019
ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းမြို့၊ ပဲကတိုးကျေးရွာရှိ အမျိုးသမီးအဆောင်ရှေ့တွင် ဇွန် ၁၉ ရက် ညနေပိုင်းက ရည်းစားဟောင်းဖြစ်သူကို မချစ်ဘူးဟု ပြောဆိုခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဓားထိုးခံရသည့် အမျိုးသမီးမှာ ပေါက္ကားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့က ရည်းစားဟောင်းဖြစ်သူ ဖိုးသား (ခ) သက်ထွန်းဇော်က ဖုန်းဖြင့်ဆက်သွယ်၍ ပဲကတိုးကျေးရွာရှိ အမျိုးသမီးအဆောင်ရှေ့သို့ လာရောက်ရန် ချိန်းဆိုသဖြင့် ၎င်းက သွားရောက်ခဲ့သည်။

ယင်းနောက် နှစ်ဦး တွေ့ဆုံစဉ် ရည်းစားဟောင်းဖြစ်သူ ဖိုးသား (ခ) သက်ထွန်းဇော်က ၎င်းအား “ချစ်လား၊ မချစ်ဘူးလား” မေးမြန်းရာ အမျိုးသမီးက “မချစ်ဘူး”ဟု ပြန်လည်ပြောဆိုခဲ့သဖြင့် ဖိုးသား (ခ) သက်ထွန်းဇော်က ဓားဖြင့်ထိုးသောကြောင့် အမျိုးသမီး၏ ခါးနေရာတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။

ဓားထိုးခံရသည့် အမျိုးသမီးမှာ စစ်ကိုင်းဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူနေရပြီး ပြစ်မှုကျူးလွန်သူ ဖိုးသား (ခ) သက်ထွန်းဇော်ကို ရွာသစ်ကြီးနယ်မြေ ရဲစခန်းမှ (ပ) ၆၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA